
ရန်ကုန်၊ ဧပြီ ၂၃- သည်ရက်ပိုင်း အတွင်း ဆမ်ဆောင်းရဲ့ နောက်ဆုံး ထုတ်ကုန် ဖြစ်တဲ့ S8 ရဲ့ စခရင် မျက်နှာပြင်က အနီရောင် သန်းတဲ့ ပြဿနာ ပေါ်ပေါက် နေကြောင်း GSMerena ဘလော့ဂ်မှာ ဖော်ပြ ထားချက် အရ သိ ရပါတယ်။
ဆမ်ဆောင်း အက်စ်အိတ် သုံးစွဲသူ အချို့မှာ ဖြစ်နေတဲ့ စခရင်အနီရောင် သန်းမှု ပြဿနာဖြေရှင်းနည်းကို နောက်အပတ်မှာ ထုတ်ပြန်ပေး မယ်လို့ ဆမ်ဆောင်းက ဆိုထား ပါတယ်။
အနီရောင်သန်းရခြင်းပြဿနာက နောက်အပတ်မှာ S8 Client တွေကို ဆော့ဖ်ဝဲတွေကို အပ်ဒိတ်လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း ဆမ်ဆောင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောတယ်လို့ Gsmarena ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။
အနီရောင်သန်းရတဲ့ အဖြေကိုရှာမရသေးတာကြောင့် နောက်အပတ်မှာလုပ် မယ့် software update ကို အဆင့်မြှင့်တင်လို့မှ အလုပ်မလုပ်ရင်တော့ ထုတ်ကုန် အသစ်နဲ့ လဲလှယ်ပေးဖို့ရှိကြောင်း သိရပါတယ်။
ဆမ်ဆောင်းကုမဏီဟာ ပြီးခဲ့တဲ့ နှစ်တွေမှာပေါက်ကွဲမှုတချို့ရှိခဲ့တဲ့ နုတ်ဆဲ ဗင်းဖုန်းကြောင့် နာမည်ဆိုးဖြစ်ခဲ့ပါတယ်။ အခုတစ်ခါ အနီရောင်သန်းတဲ့ ပြဿနာ ကတော့ ဘယ်လိုဆိုးကျိုးဖြစ်နိုင်လဲဆိုတာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
From : ကုမုဒြာဂျာနယ် by မေဘယ်လ်
Originally published at - http://www.kumudranews.com





No comments: