တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 26, 2017

အရောင် ၁၁ မျိုးလာမယ့် Mi 6 စမတ်ဖုန်းသစ်




ရှောင်းမီ ကုမ္မဏီရဲ့ အသစ် ထွက်ရှိမယ့် Mi 6 စမတ်ဖုန်း သစ်က  အရောင် ၁၁ မျိုးနဲ့ ထွက်ရှိ တော့မှာ ဖြစ် ကြောင်း gadget ဘလော့ဂ်မှာ ဖော်ပြထား ပါတယ်။

အရောင်တွေကို အွန်လိုင်းပေါ် ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက မိတ်ဆက် ခဲ့တာ ဖြစ်ပါတယ်။ အဲသည် အရောင် ၁၁ မျိုးကတော့ ခရမ်းရောင်၊ အနက်ရောင်၊ အဖြူရောင်၊ ငွေရောင်၊ ရွှေရောင်၊ မီးခိုးရောင်၊ ပန်းရောင်၊ ရွှေအိုရောင်၊ မီးခိုး အရင့်ရောင်၊ ချယ်ရီပန်းရောင်နဲ့ အမည်း မှိုင်းရောင်တို့ ဖြစ်ပါ တယ်။

သည် Mi 6 ရဲ့  မူရင်းဦးတည်ရာ အရောင်ကတော့ ခရမ်းရောင်ဖြစ်ပါတယ်။ အွန်လိုင်းမှာ ကြော်ငြာတဲ့အခါ  ခရမ်းရောင် နဲ့ ဆွဲဆောင်တာ ဖြစ်ပါတယ်။

Xiaomi ရဲ့ Mi 6 စမတ်ဖုန်းသစ်ကို စမတ်ဖုန်းတွေရဲ့ နောက်ဆုံးပေါ် snap-dragon 835 chipset နဲ့  ကျောဘက်ကင်မရာနှစ်စုံနဲ့ လာမှာ ဖြစ်ကြောင်း ထွက်ရှိနေတဲ့ သတင်းတွေအရ သိရပါတယ်။

ကျော ဘက်ကင်မရာ 12 mp နဲ့ မြင်ကွင်းကျယ် wide angle  ပါဝင်မှာ ဖြစ်ပါတယ်။  ဆယ်ဖီ  ကင်မရာကတော့ 8mp ပါဝင်တာကြောင့် ဆယ်ဖီအသားပေး ရိုက်တဲ့ သူတွေအတွက် ကြည်လင်ပြတ်သားတဲ့ pixel နဲ့  ရုပ်ထွက်ကို ရရှိစေမှာပါ။

ဒီဇိုင်းပိုင်းကို ပြောင်ချောချောပုံစံနဲ့ ပြုလုပ်မှာ ဖြစ်တာကြောင့် ဆမ်ဆောင်း အက်စ်စီးရီးဖုန်းတွေနဲ့ ပုံစံအနည်းငယ်တူပါတယ်။

စခရင်မှန်နဲ့ ကိုယ်ထည်ဘေးဘောင်တွေကို အကွေးပုံသဏ္ဍာန်နဲ့ ကျောဘက်ကို စတီးဖရိန်နဲ့  ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ RAM 6B နဲ့ မမ်မိုရီသိုလှောင်ဖို့ အင်တာနယ် 64  GB နဲ့ 128 GB နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။  မျက်နှာပြင်ကို ၅.၁၅ လက်မနဲ့ 1080 p resolutin ရှိပါ တယ်။ ဗားရှင်းကို နောက်ဆုံး ဗားရှင်း MIUI 8 အပ်ဒိတ် ပါဝင်မှာ ဖြစ်ပါတယ်။

နားကြပ်ပေါက်မှာ ၃.၅ မီလီမီတာ headphone jack ပါဝင်ပြီး အသံစပီကာ စနစ်ကို စတူဒီယိုမှာ ထွက်တဲ့ အသံတွေလို တအုန်းအုန်းကျယ်လောင်မယ့် နည်းပညာလည်း ပါဝင်ပါတယ်။

လက်ဗွေရာ  စနစ်ဖြစ်တဲ့ fingerprint scanner ကတော့  အရင်မော်ဒယ်တွေလို ကျောဘက်မှာ မပါဝင်တော့ဘဲ ဆမ်ဆောင်းဖုန်းတွေလို home ကီးမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့64 GB ဗားရှင်းကို ဒေါ်လာ ၃၆၀  နဲ့ 128 GB ဗားရှင်းကို တော့ ဒေါ်လာ ၄၃၅ သတ်မှတ်ထား ကြောင်း သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: