တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 16, 2017

Micromax မှ Evok Power နှင့် Evok Note စမတ်ဖုန်းများကို ထုတ်လုပ်




Micromax သည် Flipkart နှင့် ပူးပေါင်းကာ စမတ်ဖုန်း အသစ် နှစ်ခုအား ထုတ်လုပ် ပေးခဲ့ပြီး Evok Power နှင့် Evok Note တို့ ဖြစ်ကြောင်း သိရသည်။

Evok Power တွင် 5.0 လက်မ Display ပါဝင်ကာ 720p Resolution ဖြစ်ပြီး MediaTek Chipset ကို သုံးထားကာ 1.3GHz မြန်နှုန်းရှိ Quad-core Chip တစ်ခု ဖြစ်သည်။

RAM 2GB ဖြင့် ထောက်ပံ့ ပေးထားပြီး Storage 16GB ပါဝင်ကာ လိုအပ်ပါက Micro SD ဖြင့် ထပ်မံမြှင့်တင်နိုင်ကြောင်း သိရသည်။

အဓိကကင်မရာမှာ 8MP ဖြစ်ပြီး ရှေ့ဘက်တွင် 5MP ကင်မရာ ပါဝင်သည်။ Dual SIM သုံးစွဲနိုင်ပြီး Fingerprint Sensor ပါဝင်ကာ 4000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး Android 6.0 Marshmallow OS အား သုံးစွဲထားသည်။

Evok Note မှာ ပိုမိုကြီးမားသော 5.5 လက်မ 1080p Display ပါဝင်ပြီး ပိုမိုမြန်ဆန်သည့် MediaTek MT 6753 Chipset အား သုံးစွဲ ထားကာ 1.5GHz မြန်နှုန်း ရှိသည့် Octa-core Chip ဖြစ်လာခဲ့သည်။

RAM 3GB ထိ ထောက်ပံ့ပေး လာခဲ့ပြီး Storage 32GB ပါဝင်ခဲ့ပြီး လိုအပ်ပါက Micro SD ဖြင့် ထပ်မံမြှင့်တင်နိုင်သည်။

အဓိကကင်မရာမှာ 13MP ဖြစ်ပြီး ရှေ့ဘက်တွင် 5MP ကင်မရာ ပါဝင်သည်။ Fingerprint Sensor ပါဝင်ကာ Dual SIM သုံးစွဲနိုင်ပြီး 4000mAh ဘက်ထရီ ပါဝင်ကာ Android 6.0 Marshmallow ကို သုံးစွဲထားသည်။

Evok Power မှာ 108 ဒေါ်လာဝန်းကျင်ဖြစ်ပြီး Evok Note မှာ 146 ဒေါ်လာဝန်းကျင် ဈေးရှိကြောင်း သိရသည်။

From : NetGuide Journal

Originally published at - www.facebook.com/officialnetguidejournal

No comments: