တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 17, 2017

LeEco မှ LePro3 AI Edition အား တရားဝင် ပြသ




LeEco မှ ကျောဘက်တွင် Dual Camera ပါဝင်သော LePro3 AI Edition စမတ်ဖုန်း အသစ်ကို ပြသ ခဲ့ပြီး ယခင်က ထင်ထား သကဲ့သို့ LeMax3 အဖြစ် ထွက်လာ ခဲ့ခြင်း မရှိပေ။

တရုတ်တွင် ဧပြီ 14 ရက်မှ စတင် ရောင်းချမည် ဖြစ်ပြီး Gold, Rose Gold, Black အရောင် 3 မျိုးဖြင့် ရရှိနိုင်မည် ဖြစ်သည်။



Version နှစ်မျိုး ထုတ်လုပ် ထားပြီး Standard နှင့် Eco တို့ဖြစ်ကြပြီး Eco တွင် ပိုမိုမြင့်မားသော Specs များ ပါဝင်သည်။

Standard LePro3 AI Edition တွင် 5.5” 1080p Display နှင့် 13+13 MP Dual ကင်မရာပါဝင်ကာ Phase Detection Autofocus လည်း ပါဝင်သည်။

4K ကို 30fps နှင့် ရိုက်ကူးနိုင်ပြီး အနှေးရိုက်ကူးချင်ပါက 720p 120fps နှင့် ရိုက်ကူးနိုင်သည်။ ရှေ့ဘက်တွင် 8MP f/2.2 ကင်မရာ 1.4 μm Pixel Size ပါဝင်သည်။

MediaTek Helio X23 Chipset အား RAM 4GB ဖြင့် တွဲဖက်သုံးစွဲထားသည်။ Storage 32GB နှင့် 4000mAh ဘက်ထရီ ပါဝင်ကာ Android 6.0 Marshmallow အား LeEco ၏ EUI ဖြင့် တွဲဖက်သုံးစွဲထားသည်။

' Eco ' အမျိုးအစားမှာမူ Storage 64GB ပါဝင်ကာ ပို၍စွမ်းဆောင်ရည် မြင့်မားသော MediaTek Helio X27 SoC အား သုံးစွဲထားသည်။

LePro3 AI Edition အား ဒေါ်လာ 260 ၀န်းကျင် ဈေးသတ်မှတ်ထားပြီး ' Eco ' Version မှာ ဒေါ်လာ 347 ၀န်းကျင်ရှိကြောင်း သိရသည်။

မည်သည့် Version ဖြစ်စေ Virtual Assistant ' Le Le ' ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

From : NetGuide Journal

Originally published at - https://www.facebook.com/officialnetguidejournal/

No comments: