
ဧပြီ 11 ရက်မှ စတင်ကာ Microsoft သည် Windows Vista ကို ရပ်တန့် ခဲ့ပြီ ဖြစ်ပြီး မည်သည့် Security Update ကိုမှ Microsoft မှ ထပ်မံ ထောက်ပံ့မှု ပေးတော့ မည် မဟုတ်ပေ။
ထို့ကြောင့် Windows Vista သုံးနေဆဲ PC များ အနေဖြင့် လုံခြုံမှု ပိုမို ရရှိ စေရန် Windows Version အသစ် များအား ပြောင်းလဲ သုံးစွဲရန် အချိန် ကျရောက် လာခဲ့ပြီ ဖြစ်သည်။
2000 ခုနှစ် ၀န်းကျင် ကာလ များက Windows အနေဖြင့် အဓိက OS သုံးခုကို ထုတ်လုပ် ခဲ့ပြီး အစောပိုင်းတွင် Windows 2000 နှင့် Windows Millenium Update ကို ထုတ်လုပ် ခဲ့သော်လည်း Bugs များစွာဖြင့် မျက်နှာပန်း မလှခဲ့ချေ။
ထို့နောက်တွင် Microsoft အတွက် သိက္ခာ ဆည်နိုင်မည့် Windows XP ထွက်လာ ခဲ့ပြီး အလွန် ထင်ရှားသော Operating System ဖြစ်လာကာ တတိယမြောက် Service Pack ကို 2008 ၌ ထုတ်လုပ် ပေးခဲ့သည်။
2006 တွင် Windows Vista ကို ထုတ်လုပ် ပေးခဲ့ခြင်း ဖြစ်ကာ Bugs များ အလွန် များပြားပြီး ထိုကာလက Hardware နှင့် ယှဉ်ပါက စွမ်းဆောင်ရည်မှာလည်း ညံ့ဖျင်း ခဲ့သည်။
XP နှင့် ယှဉ်ပါက Vista သည် Hardware လိုအပ်ချက် ပိုမို များပြားပြီး XP တွင် အဆင်ပြေ နေသော ကွန်ပျူတာ များမှာ Vista တွင် စွမ်းဆောင်ရည် ကျဆင်းမှု များကို ရင်ဆိုင် ခဲ့ရသည်။
Vista ထွက်ပြီး နောက်ပိုင်းမှ Dual-core CPU များ PC တွင် စတင် ခေတ်စားလာ ခဲ့ခြင်းဖြစ်ရာ Vista သည် အဆင်သင့် မဖြစ်သေးဘဲ ထုတ်လုပ် ခဲ့သည့်ပုံစံ ဖြစ်ခဲ့သည်။
From : NetGuide Journal
Originally published at - www.facebook.com/officialnetguidejournal

No comments: