
ဒရုန်း ဈေးကွက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည် နေတဲ့ DJI ကုမ္မဏီက ကင်မရာ အသားပေး ဒရုန်းကို DJI တရားဝင် ဝက်ဘ်ဆိုက် ကနေ မိတ်ဆက် လိုက်ပါတယ်။ ကင်မရာ 20 mp ဆင်ဆာ ပါဝင်ပြီး လက်ဟန် ခြေဟန်နဲ့ ထိန်းချုပ် နိုင်မယ့် ဖီး ချားလဲ ပါဝင်မှာပါ။
ဓာတ်ပုံ တစ်ပုံကို ရိုက်ပြီးတိုင်း သူ့ရဲ့ အသေးစိတ် အချက် အလက်တွေကို ဆင်ဆာ ဖတ်ပေးမှာ ဖြစ်ပါတယ်။ ကြာချိန် ၃၀ မိနစ် ရိုက်ကူးနိုင်ပြီး DSLR ကင်မရာ တွေမှာ သုံးတဲ့ Shutter ကိုလည်း သည်ထုတ်ကုန်မှာ ထည့်သွင်း ထားတာ ဖြစ်ပါတယ်။
စတင်ပျံသန်းတဲ့ နေရာကနေ ရောက်တဲ့ နေရာရဲ့ အကွာအဝေးကို မျဉ်းကြောင်း နဲ့ စခရင်ပေါ်မှာ ဖော်ပြပေးမှာဖြစ်ပါတယ်။ အဓိက ဖီးချားအနေနဲ့ ဆင်ဆာဖြစ်တာ ကြောင့် မောင်းနှင်နေရင်း လမ်းကြောင်း တစ်ခုကနေ နောက်တစ်နေရာ ပြောင်းဖို့ ကို ကွေ့ကောက်ပြီး မောင်းနှင်ဖို့ မလိုတော့ဘဲ ထိန်းချုပ်နေတဲ့ စခရင်ပေါ်ကနေ ကိုယ် ပျံသန်းချင်တဲ့ ကနေရာကို ထောက်လိုက် တာနဲ့ ချက်ချင်းအော် တို မောင်းနှင်မယ့် စနစ်ကိုလည်း ထည့်သွင်းထားကြောင်း သိရပါ တယ်။
နောက်တစ်ခုက ကိုယ်ပျံသန်းနေရင်း အန္တရာယ်တစ်စုံတစ်ခု တွေ့လာပါက ဆက်မမောင်းဖို့ ဒရုန်းကို စခရင်ကနေလော့ခ် ချနိုင်မှာ ဖြစ်ပါတယ်။ လော့ခ်ချ တဲ့ အခါ ဆက်သွားမနေဘဲ အဲသည်နေရာမှာပဲ ရပ်တန့် နေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒရုန်းကို လာလမ်းအတိုင်း ပြန်လှည့်တဲ့ အခါမှာလည်း မိမိအနေနဲ့ ပြန်လှည့်ဖို့ မောင်းနှင်စရာ မလိုတော့ဘဲ အော် တို တိုက်ရိုက်ပြန်လာမှာ ဖြစ်ပါတယ်။ စက်ထဲမှာ ထိန်းချုပ်နိုင်တဲ့ co-pilot နှစ်ခု ပါ တာကြောင့် မိမိမောင်း နေ ရင်း နေရာမှားယွင်းခဲ့ရင် ပြန်လှည့်တာမျိုး၊ နံရံတွေ မတိုက်မိအောင် ထိန်းချုပ်ပေးတဲ့ စနစ်လည်း ပါဝင်ပါ တယ်။
ဥပမာ-အန္တရာယ်များပြီး တားမြစ် ထားတဲ့နေရာမျိုး တွေ၊ မီးပွိုင့်လိုနေရာတွေ၊ လေဆိပ်လိုနေရာတွေမှာ မိမိအနေနဲ့ မျက်စိလည်းလမ်းမှားပြီး ပျံသန်းခဲ့ရင် dual controller က ဆက်မသွားဘဲ ရပ်တန့်တာ ဖြစ်စေ၊ ပြန်လှည့်လာတာမျိုးဖြစ်စေ အလို အ လျောက် လုပ်ဆောင်ပေး မှာ ဖြစ်ပါတယ်။
နောက်ပြီး အဝေးကို ရိုက်ရင်လည်း zoom ချဲ့ပြီး ရိုက်ကူးတဲ့အခါ မှုန်ဝါးတာ မျိုး ၊ foucs မပြတ်တာမျိုး မရှိစေဘဲ 4K resolution နဲ့ အကြည်ရုပ်ထွက်ရစေမှာ ဖြစ်ပါတယ်။ ရုပ်ပုံတွေကို DNG RAW and JPG photos တွေ ရိုက်ကူးနိုင်မှာပါ။
ဗီဒီယိုတွေကို 4k resolution အ ကြည်ဖြစ်တာကြောင့် ရုပ်ထွက်ကောင်းပြီးHD နဲ့ ရိုက်ကူးနိုင်မှာပါ။ ခုနစ်ကီလိုမီတာ ကြာကြာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျံသန်းရာမှာ ထိန်းချုပ်မယ့် remote controller မှာ ဆိုရင် စခရင်နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။ သည် ထုတ်ကုန်ရဲ့ မော်ဒယ်ကတော့ DJI phantom 4 advance ဖြစ်ပါတယ်။
ထိန်းချုပ်မောင်းနှင်ရာမှာ DJI Go 4 အက်ပ်နဲ့ တွဲဖက်အသုံးပြုရမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၄၉ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
From : ကုမုဒြာဂျာနယ် by မေဘယ်လ်
Originally published at - http://www.kumudranews.com

No comments: