
Facebook မှာ ဘာသာ စကား ၄၅ မျိုးကို ဘာသာ ပြန်ပေးတဲ့ စနစ် ရှိပါတယ်။ ဒီတစ်ခါ မှာတော့ လက်ရှိ ဘာသာပြန်တဲ့ နည်းစနစ် များထက် ကိုးဆ ပိုမို မြန် ဆန် တိကျတဲ့ ဘာသာပြန် နည်းတစ်ခုကို သုံးသွား တော့မယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ဂျာမန် ၊ ပြင်သစ် ၊ ဂျပန် စတဲ့ ဘာသာ စကား တစ်ခုခုနဲ့ တင်လိုက်တဲ့ ပို့ စ်ကို အများ နားလည်တဲ့ အင်္ဂလိပ်စာ သားနဲ့ ကြည့်ဖို့ အောက်ခြေမှာ See Translation ဆိုပြီး လင့်ခ်တစ်ခုနဲ့ ဘာသာ ပြန်ပေးတဲ့ နည်းစနစ်ကို Facebook မှာ အသုံးပြု နေတာပါ။
ယခုတစ်ခါမှာတော့ Facebook ရဲ့ AI သုတေသန အဖွဲ့ FAIR ဟာ neural network ကို သုံးပြီး ဘာသာပြန်တဲ့ နည်းသစ် တစ်ခုကို ဖန်တီး ထားပါတယ်။
လက်ရှိဘာသာပြန်စနစ်များဟာ စကားလုံးအလိုက် ဘာသာပြန်ပြီး ဒီဝါကျဟာ ဘယ်လို အဓိပ္ပါယ်ရမလဲဆိုပြီး ပြန်ပြသွားတာပါ။
ဒီအတွက် ဘာသာပြန်ရလဒ်ထွက်ဖို့ လည်း အချိန်ပိုပေးရပါတယ်။
FAIR ကနေ တီထွင်တဲ့ နည်းလမ်းသစ်မှာတော့ ဝါကျတွေကို ဘယ်ကနေ ညာဘက်လိုက်ပြီး တစ်ခုချင်း ဖတ်သွားမှာမဟုတ်ဘဲ တစ်ချိန်တည်းမှာ ဒေတာ အားလုံးကို ဖတ်သွားမှာပါ။
ရိုးရိုးဘာသာပြန် translator များဟာ ဝါကျတစ်ကြောင်းမှာ ပထမ စကားလုံး ၅ လုံးပဲ ပြန်ဖို့ ကြည့်သွားတယ်ဆိုရင် ဒီနည်းသစ်မှာတော့ တစ်ချိန်တည်းမှာ ဝါကျတွေပေါ်က စကားလုံး ၆ လုံးစီးကို တစ်ပြိုင်တည်း ဖတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ နည်းပညာ သစ်ဟာ နမူနာ prototype အဆင့်မှာ ပဲ ရှိသေးတာ ဖြစ်လို့ Facebook မှာ လောလောဆယ် သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။
Facebook မှာ တင်သမျှ ပို့ စ်တိုင်းဟာ စာကျပေကျ တင်သွားတာ မဟုတ်ဘဲ အရပ်သုံး စကားများ ၊ ဗန်းစကားများနဲ့ တင်ကြတာ ပိုများ တာကြောင့် Facebook ရဲ့ ဘာသာပြန် စနစ်ဟာ အဓိပ္ပါယ် ပိုမို ထိမိအောင် ပြန်ဆိုပေးနိုင် မလား ဆိုတာကို စောင့်ကြည့် ရဦးမှာပါ။
From : Duwun by Nyein Min Wai
Originally published at - http://www.duwun.com.mm

No comments: