
ဘယ်ဂျီယံ သိပ္ပံ ပညာရှင် အဖွဲ့ တစ်ဖွဲ့ဟာ ညစ်ညမ်း နေတဲ့ လေထုကို သန့်စင် ပေးပြီး စွမ်းအင် ထုတ်ပေး နိုင်စွမ်းရှိတဲ့ ကိရိယာ အသစ် တစ်ခုကို တီထွင် ထားတယ်လို့ သိရ ပါတယ်။
လုပ်ငန်း ဆောင်ရွက် နိုင်ဖို့ နေရောင် ခြည်နဲ့ ထိတွေ့ ရမှာ ဖြစ်တဲ့ သည် ကိရိယာမှာ အလွှာပါး တစ်ချပ်နဲ့ ခွဲခြား ထားတဲ့ အခန်း နှစ်ကန့် ပါရှိပြီး တစ်ဘက်မှာ လေထုကို သန့်စင်ပေးမှာ ဖြစ်ကာ အခြား တစ်ဘက်မှာ ကတော့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ အဖြစ် ပြောင်းလဲပေး သွားမှာပါ။
‘ ဒီဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို သိုလှောင် ထားနိုင်ပြီး နောက်ပိုင်း လောင်စာ အဖြစ်အသုံးပြု နိုင်ပါတယ်။
ဥပမာဆိုရရင် အချို့ ဟိုက်ဒရိုဂျင်သုံးကားတွေမှာလုပ်သလိုမျိုးပေါ့’ လို့ အန့်ဝါ့ပ်တက္ကသိုလ်ပါမောက္ခ ဆမ်မီဗာဘရူဂျင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာပြောပါတယ်။
သည်အလွှာပါးဟာ အဆိုပါကိရိယာရဲ့အဆန်းသစ်ဆုံးနဲ့မရှိမဖြစ်အရေးပါဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
သည်ထဲမှာ အထူးနာနိုပစ္စည်းကိရိယာတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတာတွေ ပါရှိတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။
သည် ဓာတ်ပြောင်းပစ္စည်းတွေဟာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကိုထုတ်ပေးနိုင်သလို လေထုညစ်ညမ်းမှုကိုလည်း ဖြိုခွဲပေးနိုင်တယ်လို့ ပြောပါတယ်။
သည်ကိရိယာရဲ့လုပ်ဆောင်ပုံတွေဟာ ဆိုလာပြားတစ်ချပ်နဲ့လုပ်ဆောင်ပုံတူပြီး လုပ်ဆောင်ပုံနှစ်မျိုးလုံးဟာ စွမ်းအင် ထုတ်ပေးတဲ့ဓာတုဓာတ်ပြုမှုတွေထွက်လာအောင် နေရောင်ကိုအသုံးချရပါတယ်။
From : ကုမုဒြာဂျာနယ် by ချိုလေးငယ်
Originally published at - http://www.kumudranews.com

No comments: