
နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Microsoft ဟာ ပဉ္စမ မျိုးဆက်ဖြစ်တဲ့ Tablet ကို Surface Pro လို့ နာမည် ပေးထားခဲ့ပြီး ယခင် မော်ဒယ် များနဲ့တော့ ဒီဇိုင်းပိုင်း ဆိုင်ရာမှာ သိပ်ခြားနားမှု မရှိဘဲ ထွက်လာတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Microsoft ဟာ laptop-tablet နှစ်မျိုး သုံးနိုင်တဲ့ ဒီ Surface pro ဟာ Apple ရဲ့ ipad pro ကိုတော့ မယှဉ်ပြိုင်နိုင် သေးပေမဲ့ Samsung စတဲ့ နည်းပညာ ကုမ္ပဏီများရဲ့ ထုတ်ကုန်တွေ ကိုတော့ ယှဉ်ပြိုင်နိုင် လိမ့်မယ် လို့ မျှော်လင့် နေပါတယ်။

အမေရိကန် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Microsoft ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ Surface Pro ရဲ့ သတင်း အသေးစိတ်ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန် နည်းပညာ ပစ္စည်းများကို ကြိုက်နှစ်သက်တဲ့ သူများ အတွက် ရည်ရွယ် ထားတယ်လို့ သိရပါတယ်။
Microsoft ဟာ laptop-tablet နှစ်မျိုးသုံးနိုင်တဲ့ နည်းပညာသုံး Tablet ကို ၂၀၁၂ ခုနှစ်မှာ Surface ဆိုတဲ့ နာမည်နဲ့ စတင် မိတ်ဆက် ခဲ့တာ ဖြစ်ပါတယ်။

Microsoft ဟာ Surface Pro ရဲ့ ဘတ်ထရီ သက်တမ်းဟာ ၁၃ နာရီ ခွဲကြာ ခံနိုင်တယ် လို့ ထုတ်ပြန်ခဲ့ပြီး ဒီဘတ်ထရီရဲ့ လုပ်ဆောင် ချက်ဟာ ပြီးခဲ့တဲ့ မော်ဒယ် ဖြစ်တဲ့ Surface Pro 4 ထက် ၅၀ % ခန့် ပိုမိုကြာရှည် ခံလာမှာလည်း ဖြစ်ပါတယ်။
Surface Pro ရဲ့ processors ဟာလည်း ယခင် မော်ဒယ်ထက် ပိုမို အစွမ်းထက် လာခဲ့ပြီး mimic pencil တစ်ခုလည်း ပါဝင်လာ ခဲ့ပါတယ်။

Surface Pro ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ ( ၆၁၄ ပေါင်) နဲ့ ဂျွန်လ ၁၅ ရက်နေ့မှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပ နိုင်ငံများမှာ ရောင်းချ သွားမှာ ဖြစ်ပြီး mimic pencil ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ခန့် ကျသင့်မှာ ဖြစ်တယ်လို့ သိရ ပါတယ်။
Ref : The Sun
From : SHWEMOM by arkarhein
Originally published at - http://www.shwemom.com

No comments: