တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 27, 2017

တိုက်ပွဲဝင် စစ်သားများအတွက် ပေ ၁၀၀၀ အမြင့်ပျံသန်းနိုင်သည့် ရှပ်ပြေးယာဉ်




လေထဲမှာ တနာရီ ၉၃ မိုင်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဟိုဗာဘုတ် ခေါ် ရှပ်ပြေး ယာဉ်ငယ်ကို တီထွင် ဖန်တီးသူက စမ်းသပ် ပျံသန်းပြ နေတာ ရုပ်သံထဲမှာ မြင်ရ ပါတယ်။

ဖရန်ကီဇာပတာ ဆိုသူက ဒီရှပ်ပြေး ယာဉ်ငယ်ကို တိုက်ပွဲဝင် စစ်သားတွေ အတွက် တီထွင် ခဲ့တာဖြစ်ပြီး အမေရိကန် နိုင်ငံ အရီဇိုးနား ပြည်နယ်မှာရှိတဲ့ လိတ်က်ဟာဗက် စူစီးတီး ဆိုတဲ့မြို့က ပင်လယ် ကမ်းခြေ အထက်မှာ ပေ ၁၀၀၀ အမြင့်ကနေ ပျံသန်းပြ ခဲ့ပြီး ကြည့်ရှုသူတွေကို အံ့သြ သွားစေ ခဲ့ပါတယ်။

ရုပ်သံထဲမှာ ရှပ်ပြေးယာဉ်ငယ် စတင် ပျံသန်းပြီး စွမ်းအား ပိုတိုးမြှင့်ကာ အထက်ကို ပျံသန်းပုံ အသေးစိတ်ကို တွေ့မြင်ရမှာပါ။

ဒီယာဉ်ငယ်က သီးခြားဖြစ်ပြီး အမှီအခိုကင်းတဲ့ တွန်းကန်မောင်းနှင်မှုစနစ် သုံးနိုင်မယ်လို့ ဈေးနှုန်း ပေါင် ၁၅၀၀ နဲ့ ၉၆၀၀ အတွင်း ကျသင့်တယ်လို့ ပထမဦးဆုံး ပုံစံ ရှပ်ပြေး ယာဉ်ငယ်ကို ၁၀ မိနစ် အကြာ မောင်းနှင်ပြခဲ့တဲ့ မစ္စတာဖရန်ကီဇာပတာက ပြောပါတယ်။

“ကျနော်တို့ရဲ့ တီထွင်မှုကို ဒီနေရာမှာပဲ ရပ်ထားမှာ မဟုတ်ဘူး၊ ကျနော်တို့ရဲ့ အိပ်မက်တွေကို ဘယ်တော့မှ မရပ်ဘူး။”

သူက ဝါတား ဂျက်ပက်ဆိုတဲ့ ရေယာဉ် တမျိုးစီးပြီး ၁ မိနစ်အတွင်း ၂၆ ကြိမ် နောက်ဂျွမ်း ပစ်နိုင်ခဲ့လို့ ဂရင်းနစ် စံချိန်ဝင်ခဲ့သူတဦး ဖြစ်တယ်လို့လည်း မေရာ သတင်းရဲ့ မေလ ၂၆ ရက်နေ့မှာ ရေးထား ပါတယ်။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209023

No comments: