
iPhone 8 မှာ အသုံး ပြုဖွယ် ရှိတဲ့ နောက်ဆုံးပေါ် နည်းပညာ နှစ်ခုနဲ့ ပတ်သက်ပြီး Apple က အရေး ကြီးတဲ့ မူပိုင်ခွင့် ၂ ခုကို မေလ ၁၆ ရက်နေ့က ပိုင်ဆိုင် သွားပါတယ်။
ပိုင်ဆိုင် သွားတဲ့ ပထမ အရေးကြီး မူပိုင်ခွင့် တခု ကတော့ အနားသတ် ဘောင် ပျောက် မျက်နှာပြင် (edge-to-edge display) ဖြစ်ပါတယ်။
နောက်ပိုင်း ထုတ်တဲ့ စမတ် ဖုန်းတွေရဲ့ အနားသတ် ဘောင်တွေကို သေးသထက် သေးအောင် ဖုန်း ထုတ်လုပ် သူတွေက အမျိုးမျိုး ကြိုးစား လာကြပြီး ဆမ်ဆောင်းရဲ့ Galaxy S8 နဲ့ S8+ မှာ ဖုန်း မျက်နှာပြင်က အပေါ်ဘောင် နည်းနည်းပဲ ကျန်တော့တာ တွေ့မြင် ရမှာပါ။

ဖုန်းရှေ့မျက်နှာပြင်မှာ အနားသတ်ဘောင်တွေ လုံးဝပျောက်သွားအောင်လို့ Apple က မျက်နှာပြင်ကို ကွေးပြီး ဘေးဘောင်တွေအထိ အောက်ကို ပတ်ထား တာကို တွေ့ရမှာပါ။
မူပိုင်ခွင့်ရသွားတဲ့ နောက်တခုကတော့ ထိတွေ့နှိပ်ရတဲ့ ခလုတ်လိုမျိုးတွေကို မျက်နှာပြင်အထဲမှာ မြှုပ်ထားတာ ဖြစ်ပါတယ်။
လက်ဗွေရာစနစ် (Fingerprint sensor) ကိုလည်း ဖုန်းရဲ့ဖန်သားပြင် ဘယ်နေရာကိုထိထိ ဖုန်းက အလိုလိုသိနိုင်မယ့် စနစ်ကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207463

No comments: