တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 16, 2017

ဆိုနီ Xperia ဖုန်းသစ်တွေ အင်တာနက်ဒေတာ လက်ဆောင် ရယူနိုင်




ရန်ကုန်၊ မေ ၁၃ – မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် အမ်ပီတီနဲ့ ဆိုနီမှ ပူးပေါင်းပြီး အသစ် ထွက်ရှိ နေတဲ့ စမတ်ဖုန်း Xperia XA1, Xperia XZ Premium တွေကို ဝယ်ယူ သုံးစွဲ သူတွေ အနေနဲ့ အထူး လက်ဆောင် အဖြစ် ဒေတာ သုံးစွဲမှု ပမာဏတွေကို ရရှိမှာ ဖြစ်ကြောင်း မေလ  ၁၁ ရက်နေ့ ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ကြေညာ ပါတယ်။

သုံးစွဲသူတွေ အနေနဲ့ အမ်ပ်ီတီရဲ့ ကွန်ရက် အတွင်း ဒေတာ ဘောနပ်စ်တွေကို ရရှိနိုင်မှာဖြစ်ပြီး တစ်လကို 1.5 GB ပမာဏကနေ 3GB အထိ ငွေဖြည့်သွင်းတဲ့ ပမာဏပေါ်မူတည်ပြီး အသုံးပြုနိုင်မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

“အမ်ပီတီသုံးစွဲသူတွေဟာ အခုဆိုရင် နောက်ဆုံးပေါ် Sony Xperia စမတ်ဖုန်းတွေကို စမ်းသုံးကြည့်နိုင်ပြီ ဖြစ်ပြီး  မြန်မာနိုင်ငံရဲ့ အမြန်ဆန်ဆုံးနဲ့  အကြီးမားဆုံး မို ဘိုင်းလ်ဒေတာကွန်ရက်မှာ တစ်လကိုအခမဲ့ ဒေတာ 3GB အထိ ရရှိနိုင်ပြီ  ဖြစ်ပါတယ်၊ ဆိုနီအနေနဲ့ အနာဂတ်  ဆက်သွယ်ဆက်ဆံရေးကို ဖြန့်ကျက်ဖို့  ကတိကဝတ် ပြုထားပြီး ရှေ့သို့ လှမ်းချီမြန်မာပြည်ဆိုတဲ့ MPT  ရဲ့ ဆောင်ပုဒ်နဲ့အတူ ဒီပရိုမိုးရှင်းဟာ ပြည့်စုံကောင်းမွန်တဲ့ တွဲဖက်မှုပါပဲ” လို့ MPT-KSGM Joint Operation s ရဲ့ စီအီးအို   ဖြစ် သူ Mr  Toshitake Amamiya က မီဒီယာတွေကို ပြောပါတယ်။

အခမဲ့ ဒေတာ အပိုလက်ဆောင်ကို အမ်ပီတီရဲ့ ဆွေသဟာနဲ့ ရှယ်ပြောအစီ အစဉ်တွေမှာ ရရှိနိုင်မှာဖြစ်ပြီး စတင်အသုံးပြုချိန်က စတင်ပြီး ခြောက်လအထိ ငွေဖြည့်သွင်းမှုပေါ် မူတည်ပြီး အဆိုပါ အစီအစဉ် မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: