
လူရဲ့ ထိန်းချုပ်မှု မပါဘဲ အလို အလျောက် မောင်းနှင် နိုင်တဲ့ ကားများကို ထုတ်လုပ်ဖို့ Apple ဟာ Tesla ၊ Google ၊ BMW ၊ Ford ၊ Honda နဲ့ Volkswagen စတဲ့ နာမည်ကြီး ကား ကုမ္ပဏီ ကြီးများနဲ့ ပူးပေါင်း လိုက်ချိန်မှာ Samsung ဟာလည်း Hyundai နဲ့ ပူးပေါင်းပြီး တောင်ကိုရီးယား လမ်းမများ ပေါ်မှာ စမ်းသပ်ဖို့ ကြိုးပမ်း လာပြီ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ်မှာ မောင်းသူမဲ့ ကားဈေး ကွက်ဟာ ဒေါ်လာ ၄၂ ဘီလျံ အထိ တန်ကြေး ရှိလာမှာ ဖြစ်ပြီး အနာဂါတ်သယ်ယူပို့ ဆောင်ရေးမှာ အရေးပါတဲ့ အခန်း ကဏ္ဍ တစ်ရပ် ဖြစ်လာတော့မှာပါ။
ဒါ့ကြောင့် Apple Inc ဟာ မောင်းသူမဲ့ကားများအတွက် ခွင့်ပြုမိန့် လျှောက်ထားပြီး ကယ်လီဖိုးနီးယားပြည်နယ် အများပိုင်လမ်းများပေါ်မှာ မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်ဖို့ ပါမစ်ရထားပါတယ်။
Samsung ကလည်း တောင်ကိုရီးယားနိုင်ငံ မြေပြင် ၊ အခြေခံအဆောက်အဦနဲ့ သယ်ယူပို့ ဆောင်ရေးဌာနကနေ မောင်းသူမဲ့ကားများ ပြေးဆွဲစမ်းသပ်ဖို့ ခွင့်ပြုချက်ရထားပြီလို့ Korea Hearald က ဆိုပါတယ်။
Samsung ဟာ မောင်းသူမဲ့ကားများကို အများပိုင်လမ်းများမှာ ပြေးဆွဲရာမှာ အဓိကအခြေခံဖြစ်တဲ့ deep-learning နည်းပညာကို စမ်းသပ်ခွင့်ရထားပြီး Hyundai ထုတ်ကားများနဲ့ စမ်းသပ်သွားမှာပါ။
မကြာသေးမီက ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ မောင်းသူမဲ့ကား ကိုးစင်းဟာ ၂ မိုင် (၃.၂ ကီလိုမီတာ) တာတိုစမ်းပြေးခဲ့ပါတယ်။ ဒီပြေးပွဲမှာ လိုရ မယ်ရ ကားမောင်းသူ တစ်ဦး လိုက်ပါ ခွင့်ပြုခဲ့ပြီး ကားကိုးစင်းမှာ လေးစင်းသာ လူအကူ အညီ လုံးဝမပါဘဲ ဝင်ပြိုင်မောင်း ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို Self Racing Cars လို့ ခေါ်ပြီး startup ကုမ္ပဏီများမှ ကျောင်းသားများနဲ့ စွန့် ဦးတီထွင်သူများလည်း ပါဝင်ခဲ့တာပါ။ ပြိုင်ပွဲလာ ကားတစ်ချို့ မှာ ပြေးလမ်းကြောင်းတစ်လျှောက် GPS နဲ့ တစ်ခြား လမ်းကြောင်းပြ အကူကိရိယာများ တပ်ဆင် လာခဲ့ပါတယ်။
Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တွင်းမှာ မောင်းသူမဲ့ကားများနဲ့ ဖျော်ဖြေရေးစနစ်များကို အဓိကထားပြီး ထုတ်လုပ်မဲ့ ကားအစိတ်အပိုင်းများကို တီထွင်ဖို့ အဖွဲ့ တစ်ခု ဖွဲ့ စည်းနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သို့ သော်လည်း ကုမ္ပဏီအနေနဲ့ မောင်းသူမဲ့ကားများ ထုတ်လုပ်ဖို့ အတွက်တော့ တရားဝင်ပြောကြားခြင်း မရှိသေးပါဘူး။ တကယ်လို့ Samsung သာ မောင်းသူမဲ့ကား လောကထဲကို ဝင်လာမယ်ဆိုရင် မကြာခင်မှာ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးများကိုလည်း မောင်းသူမဲ့ကားလောကထဲ ဝင်ရောက်လာဖို့ ရှိနေပါတယ်။
From : Duwun by Nyein Min Wai
Originally published at - http://www.duwun.com.mm/tech/company_news/samsung-id6609260.html

No comments: