
တရုတ် ဈေးကွက်မှာ Huawei နဲ့ နင်လား ငါလား ထိပ်ဆုံးမှာ ရပ်တည် နေတဲ့ OPPO ဟာ နောက်လာမယ့် နှစ်နှစ် သုံးနှစ် အတွင်း အိန္ဒိယမှာ စမတ်ဖုန်းများ ထုတ်လုပ်ပြီး အရှေ့ အလယ်ပိုင်း ၊ မြောက် အာဖရိကနဲ့ တစ်ခြား အရှေ့ တောင် အာရှနိုင်ငံ များဆီ တင်ပို့ သွားတော့မှာပါ။
OPPO ဟာ အိန္ဒိယထိပ်တန်း စမတ်ဖုန်း ငါးမျိုးမှာ ပါဝင်လာတဲ့ ဖုန်းကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး အိန္ဒိယပြည်တွင်းမှာပါ စမတ်ဖုန်းများ ထုတ်လုပ်ဖြန့် ချိသွားဖို့ ကြိုးပမ်း လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ သုံးလပတ်အတွင်း အိန္ဒိယဈေးကွက်မှာ ဈေးကွက်ဝေစု ၁၀% နဲ့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပြီး ဈေးကွက်ကြီးထွားလာဖို့ အလား အလာကောင်းများ ရရှိ ထားပါတယ်။
လုပ်ငန်းပိုင်း ကြီးထွားလာပေမယ့် လောလောဆယ်မှာတော့ OPPO ဟာ အွန်လိုင်းဈေးကွက်ကိုပဲ အဓိက ပစ်မှတ်ထားနေပါတယ်။
အိန္ဒိယဟာ အရှေ့ တောင်အာရှနိုင်ငံများဆီ ကုန်ပစ္စည်းတင်ပို့ ဖို့ အတွက် အရေးပါတဲ့ ဌာနတစ်ရပ်ဖြစ်တာကြောင့် OPPO ကုမ္ပဏီဟာ အိန္ဒိယမှာ စက်ရုံသစ် ထူထောင်ဖို့ အတွက် Greater Noida မှ ဧက ၁၁၀ ရှိတဲ့ မြေနေရာကို ရူပီး ၁၄၅ သန်း ပေးပြီး ဝယ်ခဲ့ပါတယ်။
ဒါ့အပြင် စက်ရုံတွင်း ဝန်ထမ်းပေါင်း ၃၀၀၀၀ ကျော် နေနိုင်ဖို့ အဆောက်အဦများ ၊ စက်ရုံအလုပ်ခန်းများ ထူထောင်ဖို့ အတွက် ရူပီး သန်း ၂၀၀၀ ရင်းနှီးမြှပ်နှံ ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယကို ခြေကုပ်ယူပြီး အာရှတစ်ခွင် နဲ့ အာဖရိကနယ်များအထိ စမတ်ဖုန်းဖြန့် ချိတင်ပို့ သွားမယ့် OPPO ရဲ့ ခြေလှမ်းကြဲကြီး တစ်ရပ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သုံးလပတ်ဘဏ္ဍာရေးကာလများအတွင်း OPPO ဟာ သူယှဉ်ပြိုင်ခဲ့ရာ စမတ်ဖုန်းဈေးကွက်များအတွင်း ရလဒ်ကောင်းများ နဲ့ အလျင်အမြန် ဖွံ့ ဖြိုး တိုးတက်လာနေပါတယ်။
ဒ့ါအပြင် ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်စမတ်ဖုန်းဈေးကွက်မှာ အလုံးရေ သန်း ၂၀ နီးပါးရောင်းရပြီး Huawei နောက် ဒုတိယနေရာကနေ ရပ်တည်နေခဲ့ပါတယ်။
From : Duwun by Nyein Min Wai
Originally published at - http://www.duwun.com.mm/tech/company_news/oppo-id6609261.html

No comments: