အခု နောက်ပိုင်းမှာ ပြည်တွင်းက မိုဘိုင်းဖုန်း အသုံးပြု သူများ အနေနဲ့ ဓာတ်ပုံ တွေကို ချက်ချင်း ရိုက်ပြီး မျှဝေတဲ့ Instagram App ကို ယခင် ကထက် ပိုမို အသုံးပြု လာကြ ပါတယ်။
Instagram App ကို အသုံးပြုတဲ့ အခါမှာ အင်တာနက် ချိတ်ဆက် အသုံးပြု ရတာ ဖြစ်ပါ တယ်။
အဲဒီလို အင်တာနက် ချိတ်ဆက်ပြီး Instagram အသုံးပြုမှု များလာ တာနဲ့ အမျှ App ရဲ့ အတွင်း ပိုင်းမှာ search history တွေ များလာမှာ ဖြစ်သလို အသုံးပြုတဲ့ အခါတိုင်း မှာလည်း ဖုန်းက နှေးကွေး သလိုမျိုး ခံစားရမှာ ဖြစ်ပါတယ်။
အဲဒီလို နှေးကွေး သလိုမျိုး မဖြစ်အောင် instagram app ရဲ့ search history ကို iOS 9 ပေါ်မှာ ရှင်းလင်း နိုင်မည့် နည်းလမ်းကို ဖော်ပြပေး လိုက်ပါတယ်။
ပထမအဆင့် အနေနဲ့ ကိုယ်ရဲ့ဖုန်းထဲက Instagram app ကို ဖွင့်လိုက်ပါ။ App ကို အသုံးပြုတာ ဖြစ်တဲ့ အတွက် ဖုန်းမှာ အင်တာနက် ချိတ်ဆက် ထားရမှာ ဖြစ်ပါတယ်။
Instagram App ပွင့်သွားတဲ့ အခါမှာတော့ ပုံ-၂ ထဲကလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ညာဘက်ထောင့် screen နားမှာရှိတဲ့ Profile icon ပုံစံလေးကို နှိပ်လိုက်ပါ။
Profile icon ကို နှိပ်ပြီးရင် ထပ်ပြီး screen ရဲ့ ညာဘက် အပေါ်ထောင့်နားက စက်သွားပုံစံ (setting icon) လေးကို ထပ်နှိပ် ပေးရမှာ ဖြစ်ပါတယ်။
ပြီးရင်တော့ Options ထဲမှာ Clear Search History ကို ရှာဖွေပြီး နှိပ်ပေးရဦးမှာ ဖြစ်ပါတယ်။
Clear Search History ကို ပေါ်မှာ တစ်ချက်နှိပ်လိုက်ရင်တော့ ဖုန်းမှာ အောက်ဖော်ပြပါ ပုံလို ပေါ်လာမှာ ဖြစ်ပြီး Yes, I'm sure ကို ရွေးပေး လိုက်ရင်တော့ Instagram ရဲ့ Search History တွေကို ရှင်းလင်းခြင်း လုပ်ဆောင်ချက် ပြီးဆုံးပြီ ဖြစ်ပါတယ်။
By: internetjournal
Originally published at - http://www.internetjournal.media/how-to/5507

No comments: