တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

၂၀၁၉ ခုနှစ်မှာ အီလက်ထရစ် ကားတွေ ထုတ်လုပ် ရောင်းချမယ်လို့ Volvo ကြေညာ




ကမ္ဘာကျော် ကားကုမ္မဏီ တစ်ခုဖြစ်တဲ့ Volvo ဟာ အလိုလျောက် မောင်းနှင်နိုင်မယ့် မောင်းသူမဲ့ ကားတွေ ထုတ်လုပ်ဖို့ စိုင်းပြင်းနေ ခဲ့ရာကနေ အခုတော့ အီလက်ထရစ် ကားဘက်ကို ခြေဦးပြန်လှည့် လာခဲ့ပါပြီ။ ကုမ္မဏီက နောက်ဆုံး ထုတ်လုပ်မယ့် XC90 ဆိုတဲ့ ကားကတော့ စပ်ပေါင်း လောင်စာ အမျိုး အစားပဲ ဖြစ်ပြီး V60 plug-in ထည့်သွင်း ထားတဲ့ ကား အမျိုးအစားပဲ ဖြစ်ပါတယ်။ လုံးဝ အီလက်ထရစ် တော့မဟုတ်ပါဘူး။

နောက်ဆုံးတော့ ဆွီဒင်နိုင်ငံ အခြေစိုက် ကားကုမ္မဏီ ဖြစ်တဲ့ Volvo ဟာ အီလက်ထရစ် ကားတွေ အားလုံးကို ၂၀၁၉ ခုနှစ်မှာ စတင်ရောင်းချ မယ်ဆိုတာကို အတည်ပြု ကြေညာလိုက်ပါပြီ။ ဒါ့အပြင် ကားတိုင်း အတွက်လည်း စပ်ပေါင်းလောင်စာ သုံး တဲ့ ဗားရှင်းတွေကို ထုတ်လုပ် သွားဖို့ စီစဉ်ထား ပါတယ်တဲ့။

Volvo က ထုတ်လုပ်ဖို့စီစဉ်ထားတဲ့ အီလက်ထရစ် ကားတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အများကြီး ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေခန့်မှန်းထာားတာကတော့ S60 မော်ဒယ်လ် နဲ့ ဆင်တူဖွယ်ရှိနေပြီး ဆလွန်း အမျိုးအစားတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Volvo ရဲ့ အီလက်ထရစ်ကားတွေအားလုံးဟာ Tesla ရဲ့ 2016 Model 3 ဆိုတဲ့ အီလက်ထရစ် ကားနဲ့ ယှဉ်ပြိုင်လာဖွယ်လည်း ရှိနေပါတယ်။

ဘာပဲ ဖြစ်ဖြစ် Volvo ရဲ့ အမှုဆောင်အရာရှိချုပ် Hakan Samuelsson ကတော့ လူတွေအားလုံးဟာ သူတို့ ထုတ်လုပ်မယ့် ကားတွေအပေါ် စမ်းသပ်ကြည့်ဖို့ အသင့်ဖြစ်နေတယ်လို့ ယုံကြည်နေပြီး လာမယ့် ၂၄ လ အတွင်းမှာ Volvo ကရောင်းချမယ့် မော်တော်ကား ၁၀ ရာခိုင်နှုန်းခန့်ဟာ အီလက်ထရစ် ဗားရှင်းတွေဖြစ်လာလိမ့်မယ်လို့လည်း ဆိုထားပါတယ်။

Original link - http://technology.thithtoolwin.com/2015/10/volvo.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: