တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

ဈေးဝယ်ဆက်ရှင်ကို App ထဲထည့်ဖို့ Facebook စမ်းသပ်




Facebook ဟာ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်နေထိုင်မှုမှာ တစ်ခုတည်းသောနေထိုင်ရာဖြစ်စေဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ News Feed ကို ဈေးဝယ်နိုင်မယ့်နေရာအဖြစ် ပြောင်းလဲဖို့ ကြိုးစားလို့ လာပြန်ပါပြီ။

Facebook App ထဲမှာတင် ဈေးဝယ်နိုင်တဲ့ နည်းလမ်းသစ်အချို့ကို စမ်းသပ်သွားမှာဖြစ်ကြောင်း Facebook က သတင်းထုတ်ပြန်ပါတယ်။ “တစ်နေရာတည်းမှာတင် ရှာဖွေမယ်၊ ဝေငှမယ်၊ ပစ္စည်းတွေ ဝယ်မယ်” ဆိုတာမျိုးကို လုပ်ဆောင်ဖို့အတွက် Shopping Section ကို လာမယ့်ရက်သတ္တပတ်များအတွင်း Facebookက လုပ်ဆောင်သွားဖို့ ရှိပါတယ်။ မြန်နှုန်းမြင့်ဖတ်နိုင်ခြင်း၊ မျက်နှာပြင်ပြည့်ကြည့်နိုင်ခြင်း အတွေ့အကြုံတွေနဲ့ ကုန်ပစ္စည်းတွေကို ရှာဖွေကြည့်ရှုခွင့်ပေးမယ့် ကြော်ငြာတွေကို သင်မကြာခင်တွေ့မြင်ရတော့မှာပါ။

လက်လီရောင်းချသူတွေရဲ့ ဝဘ်ဆိုဒ်ကိုသွားပြီး ဝယ်ရတာဟာ သတင်းတွေ၊ ဆောင်းပါးတွေကို ဝဘ်ဆိုဒ်တွေသွားပြီး ဖတ်ရသလို နှေးကွေးမှုတွေရှိပါတယ်။ ဒီတော့ သင်စိတ်ဝင်စားတဲ့ ကြော်ငြာတွေကို App ထဲမှာတင် ခပ်မြန်မြန်ကြည့်နိုင်ဖို့ Facebook က မျှော်လင့်ထားပါတယ်။

“လူတွေက Facebook ကိုလာတာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့တင် ချိတ်ဆက်ဖို့လာတာ မဟုတ်ဘဲ ထုတ်ကုန်တွေ၊ brand တွေနဲ့ပါ လာကြတာကို ကျွန်တော်တို့တွေ့ရတယ်။ Facebook ပေါ်က လူတစ်ဝက်နည်းပါးဟာ ထုတ်ကုန်ပစ္စည်းတွေကို ရှာတဲ့နေရာမှာ active ဖြစ်နေတယ်။” လို့ Facebook ကပြောပါတယ်။

ဒီအချက်တွေကတော့ လက်လီအရောင်းလောကထဲကို Facebook ဝင်လာတဲ့ နောက်ဆုံးရအချက်အလက် တွေပါပဲ။ Facebookဟာ သူ့ကို ပစ်ပြေးမသွားအောင်လုပ်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ လက်လီရောင်းချနေသူတွေကလည်း သင်ဘယ်နေရာပဲရောက်နေ ရောက်နေ သူတို့ပစ္စည်းတွေ သင့်ဆီရောက်အောင် Facebook ကိုပိုက်ဆံပေးကြဦးမှာပါ။

Original link - http://technology.thithtoolwin.com/2015/10/app-facebook.html


No comments: