တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

SanDisk ကုမ္မဏီကို ရောင်းတော့မယ်




SanDisk ဆိုတာဟာ သိုလှောင်ခြင်း လုပ်ငန်းမှာ ထိပ်ဆုံးက ဦးဆောင် နေခဲ့ပြီး ယနေ့ခေတ် နည်းပညာ ကို အသုံးပြုနေတဲ့ လူသားတိုင်းဟာ SanDisk က ဖန်တီးပေး ခဲ့တဲ့ Memory Card တွေနဲ့ Solid-State Drive တွေ အတွက် ကျေးဇူး တင်ရမှာပါ။ ဒါပေမယ့်လည်း ဒီနာမည် ဟာ ရေရှည်မှာ မရပ်တည်နိုင် တော့ဘူးလို့ သိရပါတယ်။

Bloomberg သတင်းဌာန ရဲ့ အဆို အရတော့ SanDisk ဟာ သူတို့ ကုမ္မဏီကို ရောင်းချဖို့ ကြိုးစားနေ ပါတယ်တဲ့။ ကုမ္မဏီဟာ လက်ရှိမှာ နီးစပ်တဲ့ ကုမ္မဏီ ကြီးတွေ ဖြစ်တဲ့ Micron နဲ့ Western Digital ကုမ္မဏီ တွေနဲ့ အရောင်း အ၀ယ် ကိစ္စ စကားပြော နေတယ် လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဘာကိုမှတော့ အတိအကျ မပြောနိုင် သေးပါဘူး။

တစ်ကယ်လို့ များ SanDisk ကုမ္မဏီကိုရောင်းမယ်ဆိုရင်တော့ လက်ရှိ SanDisk နဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှု အပိုင်းမှာ တွဲဖက်လုပ်ကိုင်နေတဲ့ Toshiba ကုမ္မဏီနဲ့တော့ သဘောတူညီမှု ယူရဦးမှာ ဖြစ်ပါတယ်။

ဒီ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္မဏီတွေကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာထင်မြင်ချက်မှ မပေးခဲ့ကြပါဘူး။ လက်ရှိ Storage နည်းပညာ လောကမှာ လက်ဝါးကြီးအုပ်ထားနိုင်တဲ့ ကုမ္မဏီက Samsung ပဲ ဖြစ်ပါတယ်။ Samsung ရဲ့ Flash Memory တွေဟာလည်း ကမ္ဘာတစ်ဝှမ်းက ကွန်ပျူတာတော်တော် များများနဲ့ မိုဘိုင်းလ် တွေမှာ အသုံးပြုနေပါတယ်။

ဒါကြောင့် Samsung ကို ယှဉ်ပြိုင်နိုင်ဖို့ကတော့ Micron နဲ့ SanDisk တို့ပူးပေါင်းနိုင်ဖို့ လိုနေပါပြီ။

Original link - http://technology.thithtoolwin.com/2015/10/sandisk.html


No comments: