
မကြာသေးမှီ ကမှ Apple က ထုတ်လုပ် ဖြန့်ချီလိုက်တဲ့ iOS 9 ရဲ့ News App ဟာ ဘယ်နေရာက မဆို သတင်းတွေကို ဖတ်လို့ ရအောင် တရားဝင် ဖန်တီးပေး ထားတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်နေရာမှာ မဆို သုံးနိုင်တယ် ဆိုပေ မယ့်လည်း Apple က တရုတ်နိုင်ငံ မှာတော့ News App ကို ရယူ သုံးစွဲခွင့် မပေးထား ပါဘူး။
NewYork Times သတင်း တစ်ခုရဲ့ အဆို အရတော့ Apple ဟာ တရုတ်နိုင်ငံရဲ့ အမေရိကန် ထုတ်ကုန်တွေ အပေါ်မှာ ကွန်နက်ရှင်နဲ့ ပတ်သက်ပြီး ချမှတ် ထားတဲ့ ဆင်ဆာ အချို့ကြောင့် အခုလို News App ရယူ သုံးစွဲခွင့် မပေးခဲ့ တာပဲ ဖြစ်တယ်လို့ သိရ ပါတယ်။ Apple က ဘာကြောင့် အခုလို လုပ်ရ တာလည်း ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ ဖြေရှင်းချက် မပေးခဲ့ ပါဘူး။
ဒါပေမယ့် သီအိုရီ အရတော့ News App မှာ ပါဝင်တဲ့ များပြားတဲ့ သတင်း အရင်းအမြစ် တွေနဲ့ သတင်းရေးသား မှုတွေကို ဆင်ဆာ တားမြစ် တာထက် စာရင် News App ရယူ သုံးစွဲခွင့်ကို ပိတ်ထား တာက ပိုအဆင်ပြေ ပါလိမ့်မယ်။
တရုတ်နိုင်ငံရဲ့ နိုင်ငံရေး အရ နည်းပညာ သုံးစွဲခွင့်ပေါ် အကျိုး သက်ရောက် ခဲ့တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ Apple ဟာ Apple Maps ရဲ့ သာမန် ဒေတာတွေ ကိုလည်း တရုတ်နိုင်ငံ အတွင်းကနေ ရယူ သုံးစွဲခွင့် အလိုလျောက် ပိတ်ထားပြီး သားပါ။
ထို Apple Maps အစား တရုတ် အစိုးရက ဖန်တီး ထုတ်လုပ် ထားတဲ့ ကမ္ဘာ့ အစွန်အဖျား ဒေသတွေကို မြေပုံပေါ်မှာ မမြင်ရတဲ့ App ကိုပဲ တရုတ်ပြည်သူပြည်သားတွေ အစားထိုး သုံးစွဲခဲ့ ရပါတယ်။
Apple ရဲ့ အခုလို တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ သတ်မှတ်ချက် တွေကို စိန်ခေါ်ပြီး ချဉ်းကပ် လာမှုဟာ Apple ကို တရုတ်နိုင်ငံမှာ iOS ကိရိယာတွေ ဆက်လက် ရောင်းချခွင့် အတွက် အန္တရာယ် ရှိလာနိုင် တယ်လို့ နည်းပညာ ကျွမ်းကျင် သူတွေက သုံးသပ် ထားကြပါတယ်။
Original link - http://technology.thithtoolwin.com/2015/10/apple-news-app.html

No comments: