တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

Fingerprint နှင့် မြင့်မားသော စွမ်းဆောင်ချက်တွေ ထည့်သွင်းလာတဲ့ Huawei G7 Plus




Huawei သည်ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို နိုင်ငံပေါင်း (၁၇၀) ကျော် တွင် ပံ့ပိုး ပေးလျက်ရှိပြီး ကမ္ဘာ့ လူဦးရေ၏ သုံးပုံ တစ်ပုံကို ၀န်ဆောင်မှုပေး နေခြင်း ဖြစ်ပါသည်။ Huawei သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ တတိယ စမတ်ဖုန်း တင်ပို့မှု အများဆုံး ကုမ္ပဏီ အဖြစ် မှတ်တမ်း တင်ခြင်း ခံခဲ့ရသည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် အစရှိသည့် နိုင်ငံများ တွင် သုတေသန စင်တာ (R&D) (၁၆) ခုကို ထားရှိ ထားပြီး အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်များကို ထုတ်လုပ် လျက်ရှိသည်။

Huawei Consumer BG သည် Huawei ၏ လုပ်ငန်းစုကြီး (၃)ခုမှ တစ်ခုဖြစ်ပြီး စမတ်ဖုန်း၊ Mobile broadband devices, home devices နှင့် Cloud service များကိုရောင်းချလျက်ရှိသည်။ Huawei သည် တယ်လီကွန်းလုပ်ငန်းတွင် နှစ်ပေါင်း ၂၀ ကျော်အတွေ့အကြုံနှင့် တစ်ကမ္ဘာလုံးကိုဝန်ဆောင်မှု ပေးခြင်း နှင့် ကမ္ဘာတစ်ဝှမ်းရှိသုံးစွဲသူများထံသို့ နောက်ဆုံးပေါ်နည်းပညာများ ပံ့ပိုး ပေးလျက်ရှိသည်။ အခုလည်း Huawei ဟာသုံးစွဲသူတွေအတွက် နောက်ဆုံးပေါ် ဖုန်းတစ်လုံးကို ပြည်တွင်းဈေးကွက်ကို ယူဆောင်လာခဲ့ပါပြီ။ IFA 2015 တွင်ထုတ်ဖော်ပြသခဲ့သည့် Huawei G7 Plus သည် တပ်မက်ဖွယ် ကြော့ရှင်းလှပသည့်အပြင် နည်းပညာမြှင့်တင်ထားသည့် ထိတွေ့နိုင်စွမ်း ကိုပါရရှိနိုင်မည့် စွမ်းအားမြင့်စမတ်ဖုန်းတစ်လုံးဖြစ်သည်။

ရင်သပ်ရှုမောဖွယ်ဒီဇိုင်း နှင့် လှပသောအမှတ်တရများကို မှတ်တမ်းတင်ထား ပေးနိုင်မည့် ကောင်းမွန် လှသော ကင်မရာတို့ကလည်း တပ်မက်ဖွယ်စမတ် ဖုန်းတစ်လုံးအဖြစ် ထောက်ပံ့ပေးနေပါသည်။ Huawei G7 Plus သည် G series များထဲက flagship စမတ်ဖုန်းတစ်လုံးဖြစ်ပြီး အခြားနိုင်ငံများတွင် GB အဖြစ်ခေါ်ဆိုကြသည်။ Huawei G7 Plus တွင် ပြောင်မြောက်တောက်ပ လှသော ဟန်းဆက်အဖြစ်သို့ ပံ့ပိုးပေးနိုင်သည့် အဆင့်မြင့်မိုဘိုင်းနည်းပညာ တို့အပြင် ဆန်းသစ်ထားသည့် ဖန်တီးမှုတို့ပါ ထည့်သွင်းပေးထားပါသည်။ Huawei G7 Plus ကို ၂၀၁၅ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းမှစတင်၍ Huawei Brand Shop နှင့်ဖုန်းဆိုင်များတွင် ၀ယ်ယူရရှိနိုင် တော့မည် ဖြစ်ပါ သည်။ Space Grey, Mystic Champagne, Horizontal Gold စသည့် အရောင် (၃) ရောင်ထဲမှကြိုက်နှစ်သက်ရာကို ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ အကောင်းဆုံးဒီဇိုင်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့ G7 Plus ကိုလေ့လာကြည့် လိုက်တဲ့အခါ ...

အဆင့်မြှင့်တင်ထားသော ထိတွေ့နိုင်မှုနှင့် စွမ်းဆောင်ချက်
တီထွင်ကြံဆမှုကောင်းကောင်းဖြင့် ဖန်တီးထားသော Huawei G7 Plus တွင် အသုံးပြုရလွယ်ကူပြီး တစ်ချက်တည်း ထိတွေ့ရုံနဲ့ အလုပ်လုပ်နိုင်မည့် Fingerprint ကိုထည့်သွင်းပေးထားပါသည်။ ထို Fingerprint ကို ခြောက်သွေ့ နေသည့် လက် အပြင် ရေစိုနေသည့်လက်ဖြင့်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းကိုလော့ခ်ဖြုတ်ရန်အတွက် ၀.၅ စက္ကန့်သာကြာမြင့်မည်ဖြစ်ပါသည်။ Huawei G7 Plus ၏ Fingerprint ကို အရင် Mate 7 ထက်အဆင့်မြှင့်တင် ထားပြီး တိကျမှု ၉၄% Mate 7 ထက်နှစ်ဆရရှိ မည်ဖြစ်ပါသည်။

မှတ်ထားသော လက်ဗွေရာကို တိကျစွာမှတ်သားထားပေးနိုင်သည့်အပြင် လက်ဗွေအနည်းငယ် တိမ်းစောင်းမှု ကိုပါ လက်ခံပေးနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် Fingerprint ကိုအပေါ်အောက်လက်လှုပ်ရှားရုံဖြင့် ဖုန်းကို လော့ခ်ဖွင့် စရာမလိုဘဲ Notification များကို ကြည့်ရှုနိုင်မည်ဖြစ် သည်။ ထို့အပြင်လက်တစ်ဖက်တည်းဖြင့် Fingerprint ကို အသုံးပြုပြီး ဖုန်းဖြေဆိုနိုင်ခြင်း၊ ဓါတ်ပုံရိုက်နိုင်ခြင်း၊ Alarm ပိတ်နိုင်ခြင်းများကိုပြုလုပ် နိုင်မည်ဖြစ်သည်။ သုံးစွဲသူများ၏ကိုယ်ပိုင်အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းနိုင်ရေးအတွက် TEE လုံခြုံရေးစနစ်နှင့် Fingerprint ကိုသီးသန့် Chipset တစ်ခုတွင်သိမ်းဆည်းထားပေးပါတယ်။

တောက်ပသောဒီဇိုင်း
Huawei G7Plus တွင် ၅.၅ လက်မ 1920×1080 Full HD မျက်နှာပြင်နှင့် မျက်နှာပြင်၊ ကိုယ်ထည် အချိုး (Screen-to-body ration) ၇၆% ပါဝင် ပါသည်။ G7 Plus ၏ မျက်နှာပြင်သည် အခြား Full HD ပါဝင်သော စမတ်ဖုန်းများ၏ မျက်နှာပြင်များ ထက် ၈၅% အရောင်ပိုမိုစိုခြင်း၊ တောက်ပခြင်း၊ သဘာဝကျသော အရောင်ကို ပိုမိုထောက်ပံ့ပေးနိုင်ခြင်း တို့အပြင် အနီရောင်နှင့် အစိမ်းရောင်တို့ကို ပိုမိုတောက်ပအောင် စွမ်းဆောင် ပေးနိုင်မည်ဖြစ်သည်။ သာလွန်ကောင်းမွန်သော မြင်ကွင်းများရရှိနိုင်ရန် အတွက် အစင်းရာများဖြစ်ပေါ်ခြင်း ကိုကာကွယ်ပေးနိုင်ပြီး ကောင်းမွန်သော ဓါတ်ပုံအရည်အသွေးများ ရရှိအောင် ထောက်ပံ့ပေးနိုင်သော နီလာဖြင့် ပြုလုပ် ထားသော မှန်ဘီလူးကင်မရာတို့ ထည့်သွင်း ဖန်တီးထားသည်။ ကောင်းမွန်သောအသံစနစ်ရရှိစေရန် စပီကာ (၆) လုံးကိုဖုန်း၏ အနောက်ဘက် ထက် အောက်ခြေတွင်စနစ်တကျထည့်သွင်းထားသည်။

ဤသို့စပီကာကို ဖုန်းအောက် ခြေတွင် ထည့်သွင်းပေးထားခြင်းဖြင့် ဖုန်းကို အလျားလိုက်ချထားသော်လည်း တုန်ခါခြင်းမရှိဘဲကောင်းမွန်သော အသံ စနစ်ကို ရရှိမည်ဖြစ်သည်။ အင်ဂျင်နီယာများက ၉၀% သတ္တုကိုယ်ထည်၊ ခိုင်မာတောင့်တင်းသော ကိုယ်ထည်တို့ဖြင့် ဖန်တီးထားသည်။ ဖုန်း၏ အပြင်ဘက် အခွံကို သိမ်မွေ့စွာတည်ဆောက်ထားသော အဖုံးရရှိစေရန် အတွက် အကောင်းဆုံး သဲမှုန်လေးများ၊ ကြွေထည်လေးများဖြင့် အဆင့်ဆင့် လုပ်ဆောင် ဖန်တီးထားသည်။ Huawei G7Plus ၏ လှပသောဒီဇိုင်း တစ်ခု ဖြစ်လာစေရန်အတွက် ထုတ်လုပ်မှုကြာချိန် (၃၈၉) မိနစ်၊ ထုတ်လုပ်မှု အဆင့်ပေါင်း (၁၃၃) ဆင့်နှင့်အနားသတ်များကို ကွန်ပျူတာဖြင့် အနုစိတ် ပုံဖော်ခြင်းကို အကြိမ် (၈၀၀၀၀) တိတိဖြင့် အနုစိတ်ဖန်တီးထားခြင်း ဖြစ်ပါသည်။

ထူးခြားကောင်းမွန်သော ကင်မရာ
G7plus တွင်ပရော်ဖက်ရှင်နယ် ဒစ်ဂျစ်တယ် SLRs ကင်မရာများတွင်သာ တွေ့ရလေ့ရှိသည့် ကင်မရာတစ်လုံးအဖြစ် shutter speed f2.0, လက်တုန်ခါ မှုကိုထိန်းချုပ်နိုင်ပြီး RGBW ထောက်ပံ့ပေးထားသည့် 28mm အကျယ် BSI မှန်ဘီလူးကို တပ်ဆင်ထားသော 13MP အနောက်ကင်မရာဖြင့် ဖန်တီးထားပါသည်။ အလင်းအားနည်း (low-light) ၊ အလင်းအားများ (high-light) နှင့် အလင်းကွဲလွဲချက်များ (high-contrast) စသည့် အခြေအနေများ တွင် ရိုက်ကူးသော်လည်း ကြည်လင်ပြီး ရွှန်းလဲ့သော ဓါတ်ပုံများရရှိစေရန် Huawei G7Plus မှ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။ Huawei G7Plus ၏ RGBW Sensor က အလင်း ကွဲလွဲချက်များနေသည့် အခြေအနေ (high-contrast) တွင်တောက်ပမှု ၃၂% ပေးနိုင်ပြီဖြစ်ပြီး အလင်းအားနည်း နေသည့် အခြေအနေ (low-light) တွင် ၇၈% တိုးမြှင့် ထောက်ပံ့ပေး နိုင်မည်ဖြစ်သည်။

1.2 degree ပုံရိပ်ငြိမ်သက်စေမှုနည်းပညာက ဓါတ်ပုံရိုက် သည့်အခါတွင် လက်မငြိမ် သက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပုံရိပ်ေ၀၀ါးမှု များကို ဖယ်ရှားနိုင်ပြီးအရည်အသွေးမြင့် ပုံရိပ်များရရှိ နိုင်မည်ဖြစ်ပါသည်။ G7 Plus တွင် makeup effects နှင့်အသားအရေ အရောင် ညှိနိုင်ခြင်း၊ ပြုပြင်နိုင်ခြင်းများကြောင့် မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝဆန်စွာ လှပသောပုံထွက်များရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် Huawei G7Plus ၏ Perfect Selfie ကမိမိပုံကိုမှတ်သားထားပေးနိုင်မည်ဖြစ်ပြီး beautifying effects ကအလိုအလျောက်ပြုပြင်ပေးမည်ဖြစ်ပါသည်။ အလင်းရောင် အားနည်း နေသည့်အချိန်တွင်ဖြစ်စေ၊ မိမိရိုက်ယူလိုသော ပစ္စည်းသည် အရောင်မှေးမှိန်နေသည့် အချိန်တွင်ဖြစ်စေ နောက်ခံ Background အရောင်မှေးမှိန်နေသည့် အချိန်တွင် ဖြစ်စေဓါတ်ပုံရိုက်ယူသည့်အခါ အလင်းရောင်အလိုအလျောက်ညှိ၍ ပုံပေါင်း များစွာရိုက်ယူထားပြီး အကောင်းဆုံး ပုံတစ်ပုံကိုထုတ်ပေးမည်ဖြစ်သည်။

ယုံကြည်စိတ်ချနိုင်သော လုပ်ဆောင်ချက်
Huawei G7Plus တွင်သိပ်သည်းဆ 600Wh/L ပါဝင်သည့် 3,000 mAh ဘက်ထရီကို ထည့်သွင်းပေး ထားခြင်းကြောင့် အခြား 3,000 mAh ဘက်ထရီများနှင့် နှိုင်းယှဉ်ပါက ပိုမိုကြာရှည်ခံမည်ဖြစ်ပါသည်။ Huawei ၏ ကိုယ်ပိုင် Power Saving နည်း ပညာကြောင့် အားမသွင်းဘဲနှင့် အသုံးပြုမည် ဆိုပါက ၁.၅ ရက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ၈ နာရီကြာ အင်တာနက်ဖြင့် ဗီဒီယို ကြည်ရှုခြင်း (သို့) ၁၀ နာရီကြာတောက်လျှောက်ဖုန်းပြောခြင်း (သို့) ၆ နာရီကြာ အင်တာနက် အသုံးပြုခြင်းတို့ကို လုပ်ဆောင်နိုင် မည်ဖြစ်ပါသည်။ တာရှည်ခံပြီး သုံးစွဲသူများလွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် မျက်နှာပြင်ကို တတိယ မျိုးဆက် Gorilla Glass တပ်ဆင်ပေးထားပြီး ထိုမျက်နှာပြင်သည် အဆင်းရာ၊ အခြစ်ရာများနှင့် ထိခိုက်မိခြင်းများကို ခံနိုင်ရည်ရှိမည်ဖြစ်ပြီး ထိတွေ့မှု အာရုံခံနိုင်စွမ်း (touch sensitivity) နှင့် ကြည်လင်တောက်ပမှုကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။

Huawei G7Plus ၏ လိုင်းဆွဲ အား ကောင်းမွန်သော အင်တာနာ ၂ ခု (dual antenna) ပြောင်းလဲ အသုံးပြု နိုင်သည့် နည်းပညာက ၄၀ % ပိုမို ကောင်းမွန်သော လိုင်းကို အလို အလျောက်ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး လိုင်းအားနည်းသည့် အခြေအနေ တွင် G7Plus နှင့် တန်းတူ Devices များထက် လိုင်းဆွဲအားကို ၁၀၀% မြှင့်တင်နိုင်မည်ဖြစ်ပါ သည်။ အကယ်၍သုံးစွဲသူမှ အင်တာနက်အသုံးပြု နေသည်ဖြစ်စေ၊ download ဆွဲနေသည် ဖြစ်စေ Wifi မှ အင်တာနက် သို့ပြောင်းလိုက်သော်လည်း ပြတ်တောက်သွားခြင်းများ မဖြစ်ပေါ်နိုင်ပေ။ ထို့ပြင် G7Plus တွင် လိုင်းတွင်ပါလာသော ဆူညံမှုများကို လျှော့ချပေးပြီး အသံတိုးနေပါက အသံမြှင့်တင်ပေးသောစနစ်ပါရှိ ပါသည်။ Huawei G7Plus က လိုင်းဆွဲအားအမြန်နှုန်းနှင့် download ဆွဲရာတွင် အခြားစမတ်ဖုန်းများ ထက် ၂၀% ပိုမိုမြန်ဆန်မည်ဖြစ်ပါသည်။

Huawei အနေနဲ့ပြီးခဲ့တဲ့ IFA ပွဲမှာ G Series တွေထဲကအကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ G8 တဖြစ်လည်း G7 Plus ကိုမိတ်ဆက်ခဲ့ပါတယ်။ သူ့မှာပါဝင်တဲ့လုပ်ဆောင်ချက်တွေက ၂၀၁၄ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Mate7 နဲ့လုပ်ဆောင်ချက်ပိုင်းမှာ တူညီတာကို တွေ့ရမှာဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းမှာကွဲလွဲတဲ့ စွမ်းဆောင်ချက်အဖြစ် .5 လောက်သာပိုကြီး သွားမှာဖြစ်ပါတယ်။ G7 Plus ဆိုရင် RAM အမျိုးအစားတော့ ကွဲပြားစွာ ကိုင်တွယ်နိုင်ပါလိမ့်မယ်။ G7 Plus မှာဆိုရင်တော့ snapdragon chip ကိုသုံးနိုင်မှာ ဖြစ်ပြီး Mate 7 မှာတော့ Huawei ကိုယ်ပိုင် chip ကိုသာ သုံးနိုင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီအနေနဲ့ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိတဲ့အခါမှာအကောင်းဆုံးပါ ဆိုတဲ့ဖုန်းတွေကို သာ ထုတ်လုပ်ပေးလျှက်ရှိပါတယ်။ ဒါကြောင့် Mate 7 နဲ့ G7 Plus တို့ရဲ့ ကွာခြားချက်တွေကိုလေ့လာနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။

“G8 (OR) G7 Plus”

Screen and OS
G7Plus ဟာ 5.5" မျက်နှာပြင်နဲ့အတူ 401ppi ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့ ထွက်ရှိလာပါတယ်။ QHD IPS+LCD မျက်နှာပြင် ဟာ မြင်ကွင်းတွေကို အထင်ရှားဆုံးဖော်ပြနိုင်စွမ်းရှိပြီးသူ့ကို HD (1080 x 1920) လို့လည်း ခေါ်ပါသေးတယ်။ OS ကိုတော့ Android 5.1 ကို သုံးစွဲထားပြီး Multi touch ကိုအသုံးချနိုင်မှာဖြစ်ကာ feature အနေနဲ့ကတော့ iPhone 6S နဲ့ Samsung တို့ပုံစံလိုမျိုး၊ သူရဲ့နောက်ကျောဘက်မှာ fingerprint scanner ထည့်သွင်း ပေးထားတယ်။

Camera & Feature
13MP Camera ကိုပဲသုံးစွဲထားပြီး Video ရိုက်ကူးမယ်ဆိုရင်တော့ 1080p HD အရည်အသွေးကို အပြည့်အ၀ရရှိနိုင် လိမ့်မယ်။ ဒုတိယကင်မရာငယ်ဟာ 5MP ဖြစ်တာကြောင့် Facetime ပြောဆိုမှုတွေကို ကြည်လင်စွာရရှိနိုင်မယ့် HDR, face detection,dual-LED (dual tone) flash လိုလုပ်ဆောင်ချက်မျိုး တွေသုံးစွဲနိုင်မယ်။ RGBW ထောက်ပံ့ပေးထားသည့် 28mm အကျယ် BSI မှန်ဘီလူးကို တပ်ဆင်ထားပါတယ်။

Hardware & Browser
Android ရဲ့ OS နဲ့မောင်းနှင်သုံးစွဲနိုင်စေဖို့အတွက် Qualcomm MSM8939 Snapdragon 615 processor ကို HD Graphics နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ဂိမ်းအမြင့်တွေကို ဆော့ကစားနိုင်မှာ ဖြစ်ပြီး အခြားဆော့ဖ်ဝဲလ်တွေ သုံးစွဲချိန်နဲ့ ဗီဒီယိုကြည့်ရှုချိန် တွေမှာ ဘက်ထရီစွမ်းအင် ချွေတာနိုင်စွမ်းကို သွားရောက်အထောက်အပံ့ပေးလိမ့်မယ်။ အင်တာနက်သုံးစွဲနိုင်စေဖို့အတွက် HTML 5 အထောက်အပံ့ရှိတယ်။

Battery & Storage
3000 mAh ဘက်ထရီအမျိုးအစားဖြစ်ပြီး power saving လုပ်ဆောင်ချက် တွေကိုလည်း သုံးစွဲနိုင်ပါလိမ့်မယ်။ အချက်အလက် သိုလှောင်နိုင်စွမ်းအတွက် 16/32GB ဖြစ်ပြီး 3/2GB RAM ကိုထောက်ပံ့ပေးထားတယ်။ ထပ်မံတိုးမြှင့် နိုင်စွမ်းအတွက် SD-card ကို တပ်ဆင်လို့ ရနိုင်ပါတယ်။

Specification
  • OS - Android OS v5.1 (Lollipop)
  • SCREEN - 5.5 inches
  • PROCESSOR - Snapdragon 615
  • Bluetooth - v4.0, A2DP, LE
  • BODY - 7.5mm thin, 167 g
  • INTERNAL - 16 GB, 2 GB RAM
  • 32 GB, 3 GB RAM
  • CAMERA - 13 MP, 4160 x 3120 pixels
  • “Ascend Mate 7”

Screen and OS
Mate 7 ကတော့ 6.0"မျက်နှာပြင်နဲ့ပဲဖြစ်ပြီး ppi ကတော့ 368 ဖြစ်တာ ကြောင့် G7Plus ထက်ပိုနိမ့်ပါတယ်။ IPS LCD မျက်နှာပြင်ဟာ 1080 x 1920HD အရည်အသွေး ပုံရိပ်ဖော်ပြနိုင်စွမ်းကို အကောင်းဆုံး အထောက် အပံ့ပေးလိမ့်မယ်။ Gorilla Glass 3 ကိုသုံးထားကာ ထိခိုက်မှုတွေ ကာကွယ် နိုင်မယ်။ Android OS 4.4.2 (KitKat) ကိုပဲ သုံးစွဲထားပြီးကျယ်ပြန့်လှတဲ့ မျက်နှာပြင်ကြောင့် ဂိမ်းတွေကိုစိတ်ကြိုက်မြင်ကွင်းနဲ့ ဆော့ကစားနိုင်မယ်။

Camera & Feature
Mate 7 ရဲ့ ကင်မရာအရည်အသွေးဟာ လုံးဝအကောင်းဆုံး အနေအထား မှာရှိနေတယ်ဆိုပေမယ့် လတ်တလော ထွက်ထားတဲ့ဖုန်းအသစ်ကို ယှဉ်မယ် ဆိုရင်တော့ လုပ်ဆောင်ချက်တွေထပ်ထည့်ရပါဦးမယ်။ ဗီဒီယိုရိုက်ကူးမှုတွေ အတွက် 1080p@30fps နှုန်းနဲ့အရည်အသွေးအပြည့်ရရှိမည်။ ဒုတိယ ကင်မရာငယ်ဟာ 5MP ပဲဖြစ်ပြီး 720p အရည်အသွေးရရှိအောင် စွမ်းဆောင် ပေးမယ်။ မြင်ကွင်းကျယ်ရိုက်ကူးမှုတွေကိုလည်းရနိုင်လိမ့်မယ်။

Hardware & Browser
4.4KK ကို အပြည့်အ၀အသုံးချနိုင်ဖို့ 2.2 GHz , HiSilicon Kirin 925 Processor နဲ့ဖြစ်ပြီးဂရပ်ဖစ်ပိုင်းမှာတော့ Mali-T628 ကိုထောက်ပံ့ ပေးပါ လိမ့်မယ်။ ဒါကြောင့် HD Movie တွေဂိမ်းတွေကို အကောင်းဆုံး အသုံးချနိုင် မှာဖြစ်ပြီး App တွေ သုံးစွဲတဲ့အချိန်မှာ စွမ်းဆောင်ရည် ပြည့်စမ်းသပ်နိုင် ပါလိမ့်မယ်။ DTS အသံစနစ်လည်း ပါဝင်ပြီး၊ပြင်ပဆူညံသံတွေကို ဖယ်ရှား ပေးမယ့် Active noise ကိုထောက်ပံ့ပေးထားမှာပါ။

Battery & Storage
Li-Po 4100 mAh ဘက်ထရီဟာစွမ်းအင်ချွေတာမှုကိုပိုမိုထောက်ပံ့နိုင်ပြီး HD ဂိမ်းတွေကိုအချိန်အကြာကြီး ဆော့ကစားနိုင်ပါလိမ့်မယ်။ 16/32GB ဖြစ်ပြီး 3/2GB RAM ကိုထောက်ပံ့ပေးထားတယ်။ ထပ်မံတိုးမြှင့်နိုင်စွမ်းအတွက် SD-card ကို တပ်ဆင်လို့ရနိုင်ပါတယ်။ အသင့်အနေအထားအတွက်ကတော့ နာရီ၆၀၀ကျော်သုံးနိုင်ပါလိမ့်မယ်။

Specification
  • OS - Android OS v4.4.2 (KitKat)
  • SCREEN - 6.0 inches
  • PROCESSOR - HiSilicon Kirin 925
  • Bluetooth - v4.0, A2DP, LE
  • BODY - 7.9mm thin, 185 g
  • INTERNAL - 16 GB, 2 GB RAM
  • 32 GB, 3 GB RAM
  • CAMERA - 13 MP, 4128 x 3096 pixels

Mobile Guide Journal (Every Monday)

Original link - https://www.facebook.com/officialmobileguidejournal


No comments: