
Samsung ရဲ့ နောက်ဆုံးပေါ်ဘက်ထရီ ရှေ့ပြေးပုံစံတွေဟာ ပိုအားကောင်းတဲ့ ဝတ်ဆင်ရပစ္စည်းတွေ ဖြစ်နိုင်ရုံသာမက၊ အရင်နဲ့လုံးဝ မတူတာတွေ ဖြစ်လာနိုင်ပါတယ်။
Band လို့ခေါ်တဲ့ ပထမဆုံးမော်ဒယ် ကတော့ စမတ်နာရီ လက်ပတ်ကြိုးတွေ ဖြစ်လာနိုင်ပါတယ်။ သူ့နာမည်အတိုင်း စက်ရဲ့ မူရင်းဘက်ထရီသက်တမ်း ၅၀ ရာခိုင်နှုန်းလောက်ကို ပိုထည့်သွင်းနိုင်ပါတယ်။ လက်ပတ်ကြိုးဆိုတဲ့အတိုင်း ပါးပါတယ်၊ ကွေးညွတ်လို့လည်းရတယ်။ ပုံထဲကကောင်မလေး ကိုင်ထားတဲ့ ဟာမျိုးပေါ့။ စွယ်စုံသုံး လို့ရနိုင်ပါတယ်။
ဒီလက်ပတ်ရဲ့ အထူဟာ ၀.၃မီလီမီတာ လောက်ထိကို တော်တော်လေး ပါးတဲ့အတွက် အဲ့ဒါကို စမတ်ဆွဲကြိုး၊ စမတ်ခေါင်းစည်း စသဖြင့် ဖန်တီးနိုင်မှာပါ။ လက်ရှိဘက်ထရီတွေနဲ့ ယှဉ်ရင် ပမာဏပိုများများ ပါဝင်တယ်လို့ လည်း Samsung ကပြောပါတယ်။ ဒီလက်ပတ်နဲ့ ပတ်သက်တဲ့ brand နဲ့ မော်ဒယ် ဘာကိုမှတော့ မသိရသေးပါဘူး။
ဒီဘက်ထရီတွေဟာ ဝတ်ဆင်ရနိုင်တဲ့ ပုံစံအမျိုးမျိုးသာ ဖြစ်လာမယ်ဆိုရင် ဒီနှစ်အစောပိုင်းမှာ Samsung က ထုတ်ဖော်ပြသခဲ့တဲ့ Lithium-ion ဘက်ထရီတွေဟာ စမတ်ဖုန်းတွေအတွက် ပိုပြီး ယုံကြည်မှုကို ဖြစ်လာစေမှာပါ။
ဒီဘက်ထရီတွေကို အသုံးပြုမယ်ဆိုရင် သာမန် ဖုန်းတစ်လုံးရဲ့ ဘက်ထရီသက်တမ်းတောင်မှ ၂၁နာရီ ဝန်းကျင် အထိ ဆွဲဆန့်ပေးနိုင်မယ်လို့ သိရပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/10/samsung.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: