တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

လူတွေရဲ့ စမတ်ဖုန်း ကြည့်ရှု အသုံးပြုမှုဟာ သူတို့ ထင်တာထက် နှစ်ဆရှိ




နည်းပညာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် လူတွေဟာ မိမိ ကိုယ်ကို ဂရုစိုက်မှု၊ ဂရုပြုမှု ကတော့ တော်တော် နည်ပါးနေပြီ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက် အသစ်အရ စမတ်ဖုန်း သုံးစွဲကြတဲ့ လူတိုင်းဟာ အခြေခံ အားဖြင့် သူတို့ ဖုန်းသုံးစွဲတဲ့ အချိန် ပမာဏကို လျှော့တွက် ထားကြပါသတဲ့။

ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့ကို ငါးနာရီကြာ ဖုန်းသုံးစွဲပါကြောင်း၊ ဒါဟာ သူတို့ရဲ့ အလုပ်လုပ်ချိန်ထက် ၈၅ဆခန့် များနေတာဖြစ်တယ်လို့ လေ့လာချက်က ဆိုပါတယ်။

အတွေးအမြင်နဲ့ တကယ့်အစစ်အမှန်ကြား ကွာဟချက်ကို တိုင်းတာဖို့အတွက် အင်္ဂလန်ရှိ Lancaster University မှ စိတ်ပညာရှင်တွေဟာ အသက် ၁၈နှစ်နဲ့ ၃၃ နှစ်ကြားသူ စမတ်ဖုန်းသုံးစွဲသူ ၂၃ ဦးကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဖုန်းသုံးစွဲမှုကို ခန့်မှန်းတိုင်းတာဖို့ Usage-Tracking app ကို ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုစေခဲ့ပါသတဲ့။

ဒီ app က နာရီကြည့်တာ၊ မက်ဆေ့ခ်ျပို့တာ၊ လူမှုကွန်ယက်သတင်းတွေအပြင် ဖုန်းခေါ်ဆိုမှုများ၊ သီချင်းနားထောင်တာတွေ အားလုံးကို မှတ်သားထားပေးတာဖြစ်ပါတယ်။ စုစုပေါင်းကြည့်လိုက်တဲ့အခါမှာတော့ ဖုန်းသုံးစွဲမှုပမာဏဟာ ထင်ထားတာထက် ၂ဆများနေတာကို တွေ့ရတာဖြစ်ပါတယ်။

Ref: Upi

Original link - http://technology.thithtoolwin.com/2015/10/blog-post_3.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: