
လူသား ဦးနှောက်လို အလုပ်လုပ်တဲ့ ဆန်းသစ် ကွန်ပျူတာ အမျိုးအစား သစ်ကို သုတေသီတွေက ဒီဇိုင်း ရေးဆွဲခဲ့ ပါတယ်။
Neurogrid လို့ခေါ်တဲ့ ဒီဆားကစ်ဘုတ်ဟာ ဦးနှောက်ဆဲလ် တစ်သန်း နဲ့ ဆိုင်နပ်ဆစ် ဆက်သွယ်မှု သန်းထောင်ပေါင်း များစွာကို တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ လက်ရှိ ကွန်ပျူတာ တွေထက် အဆ ၉၀၀၀ မြန်တယ်လို့ ကျွမ်းကျင် ပညာရှင်တွေက ပြောပါတယ်။
ကွန်ပျူတာ စည်းရိုးတွေဟာ ဦးနှောက်နဲ့ ယှဉ်လို့ ရပါတယ်။
PC ကွန်ပျူတာဟာ နှေးကွေးရုံတင် မကဘဲ၊ အလုပ် လုပ်ဖို့ ပါဝါ အဆ ၄၀၀၀၀ ကုန်တယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်၊ ဇီဝအင်ဂျင်နီယာ တွဲဖက် ပါမောက္ခ Kwabena Boahen က ရေးပါတယ်။
Neurogrid ဆားကစ်ဘုတ်မှာ စိတ်တိုင်းကျ ဒီဇိုင်း ရေးဆွဲထားတဲ့ “Neurocore” ချိပ်စ် ၁၆ခု ပါဝင် ပါတယ်။ အဲဒီ ချိပ်စ် ၁၆ခုလုံး ပေါင်းပြီး အာရုံကြောဆဲလ် ၁သန်းကို တုံ့ပြန်မှာပါ။ ဒီဆားကစ်ဘုတ်ကို ထုတ်လုပ်ဖို့ လက်ရှိမှာ ကန်ဒေါ်လာ ၄၀၀၀၀ ကုန်ကျတယ်လို့ သိရပါတယ်။
Ref: Daily Mail
Original link - http://technology.thithtoolwin.com/2015/10/blog-post_18.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: