
၂၀၁၅ ခုနှစ် ရဲ့ ပထမ ၄ လ မှာ ထုတ်ကုန် အားလုံး ရောင်းအား ကောင်းခဲ့တဲ့ Microsoft ဟာ အခုတော့ မိုဘိုင်းလ် ဘက် အခြမ်းမှာ အထိနာ လာပါပြီ။
ပြီးခဲ့တဲ့ လတုန်းက Microsoft ရဲ့ ဖုန်း ရောင်းအားဟာ ၅၄ ရာခိုင်နှုန်း အထိ ကျဆင်း သွားခဲ့တယ်လို့ သိရပါတယ်။ ကုမ္မဏီ ရဲ့ ၀င်ငွေ အစီရင် ခံစာထဲမှာတော့ သူတို့ရဲ့ ပြောင်းလဲ လိုက်တဲ့ နည်းဗျူဟာ ရဲ့ သက်ရောက်မှု ပဲ ဖြစ်တယ်လို့ ကြေညာ ထားပါတယ်။
အကြောင်းအရင်း ကတော့ ရိုးရှင်း ပါတယ်။ Microsoft ဟာ အခြေခံ အားဖြင့် ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း လုံလောက်တဲ့ ဖုန်းအရေ အတွက် ကို ရောင်းချနိုင်ခြင်း မရှိခဲ့ ပါဘူး။ သူတို့ ကုမ္မဏီ ရဲ့ အရည် အသွေးမြင့် Windows 10 စနစ်သုံး စမတ်ဖုန်းတွေ ဖြစ်တဲ့ Lumia 950 နဲ့ 950 XL တို့ကိုလည်း ဒီလထဲမှာမှ စတင် မိတ်ဆက်ကြေညာ ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ရဲ့ ၃ ပုံ ၂ ပုံ ကာလ တစ်ခုလုံးမှာ Microsoft အနေနဲ့ ရောင်းချစရာ စမတ်ဖုန်းဆိုလို့ ဈေးနှုန်း အသင့် အတင့် နဲ့ အရည်အသွေး သိပ်မကောင်းတဲ့ ဖုန်းတွေသာ ရှိခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ၂၀၁၅ ရဲ့ ကျန်တဲ့ ၃ ပုံ ၁ ပုံ ကာလမှာတော့ Lumia 950 နဲ့ 950 XL တို့ကို ဘယ်လောက်ထိ စံချိန်တင် ရောင်းချနိုင်မယ် ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Ref : Engadget
Original link - http://technology.thithtoolwin.com/2015/10/microsoft.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: