တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

Wi-Fi Boost ဖို့ အတွက် လက်ဝှေ့ယမ်းရုံနဲ့ ရတဲ့ Google OnHub Router အသစ်




Google က OnHub router သစ်ကို ထုတ်လုပ် လိုက်ပါတယ်။

Asus Onhub က Wave Control နဲ့ စတင် မိတ်ဆက် ခဲ့တာပါ။ အကယ်၍ သင့် လက်ပ်တော့ဟာ နှေးကွေးနေပြီ ဒါမှမဟုတ် တက်ဘလက်က Instagram ဓာတ်ပုံတွေကို ခပ်မြန်မြန် မပြနိုင် တော့ဘူးဆိုရင် WiFi မြန်နှုန်းကို တိုးမြှင့်ဖို့ အတွက် Router ရဲ့ အထက်ဘက်မှာ လက်ဝှေ့ယမ်း လိုက်ရုံပါပဲ။

သာမန် router တွေထက်ကို ပိုပြီး စွဲဆောင်မှု ရှိမယ့် router တစ်ခုကို ဒီဇိုင်း ဆွဲချင်တယ်လို့ Google ကပြော ခဲ့ပါတယ်။ အင်တာနာတိုင်တွေ မပါတဲ့ သေတ္တာလို ပုံစံမျိုးနဲ့ပေါ့။

တကယ်တော့ စလင်ဒါပုံ Asus OnHub မှာ တခြား router တွေထက်ကို ပိုသေးငယ်ပြီး ပိုအားကောင်းတဲ့ အင်တာနာ အစုံလိုက် ပါပါတယ်။ WiFi ကလည်း တည်ငြိမ်နေပြီး တစ်အိမ်လုံးမှာ သုံးနိုင်ပါတယ်။

Google က မှိတ်တုတ် မှိတ်တုတ် မီးတွေနဲ့ လုပ်ပြီး သွားပါပြီ။ Troubleshooting ကိုလည်း Google On app ကတဆင့် လုပ်ဆောင်နိုင်ပါတယ်။

Google On app မှာ setup လုပ်နိုင်ပြီး စက်ဘယ်နှစ်လုံး ကနေ ချိတ်ဆက် ထားတယ်ဆိုတာနဲ့ wireless capacity ဘယ်လောက် သုံးထားတယ် ဆိုတာကိုပါ ကြည့်နိုင်ပါတယ်။

Ref: PC

Original link - http://technology.thithtoolwin.com/2015/10/wi-fi-boost-google-onhub-router.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: