
Apple က တင်ထားတဲ့ မူပိုင်ခွင့် လျှောက်လွှာ တစ်ခု အရ Apple ဟာ စမတ် လက်စွပ်ကို ဖန်တီးလျက် ရှိတယ်လို့ သိရ ပါတယ်။
အဆိုပါ လက်စွပ်မှာ touchscreen interface ၊ ၀တ်ဆင် ထားသူရဲ့ လက်လှုပ်ရှားမှု တွေကို စောင့်ကြည့် စစ်ဆေးနိုင်မယ့် လှုပ်ရှားမှု အာရုံခံ ကိရိယာတွေ ပါဝင်နိုင် တယ်လို့ သိရ ပါတယ်။ touchpad ဒါမှမဟုတ် touchscreen ပါဝင် လာနိုင်ပြီး ၀တ်ဆင် ထားသူကို notification တွေ သတိပေးနိုင် အောင်လို့  လက်စွပ် ကနေ တုန်ခါမှုလိုမျိုး heptic feedback တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။
Siri ကို အသုံးပြုပြီး အသံနဲ့ စေခိုင်းမှုတွေ လုပ်နိုင်အောင် အတွက်လည်း မိုက်ခရိုဖုန်း တစ်ခု ပါဝင် လာနိုင်တယ်လို့ သိရ ပါတယ်။
လက်ရှိ touchpad နဲ့ touchscreen တွေကို အသုံးပြုမှုဟာ အဆင် မပြေမှုတွေ၊ လေးလံပြီး ၀န်ကျယ်မှု၊ နဲ့ တစ်ချို့ လုပ်ငန်း ဆောင်တာတွေ၊ application တွေ လုပ်ဆောင်ဖို့ 
အတွက် မလုံလောက် မှုတွေ ရှိနေပါတယ်။
touchscreen က ထွက်တဲ့ အလင်းရောင်ဟာ တစ်ချို့ လူမှုရေး အခြေအနေ တွေမှာ မသင့်လျော်မှုတွေ ရှိနိုင်ပြီး တစ်ချို့ အခြေ အနေတွေမှာ အန္တရာယ်ကြုံတွေ့ နေရတဲ့ user တစ်ယောက်ရဲ့ တည်နေရာကို touchscreen က အလင်းရောင် ကနေ သိရှိနိုင် တာကြောင့် အန္တရာယ် များတယ်လို့ ဆိုပါတယ်။
ယခုလက်စွပ်ဟာ စာတိုပို့ တာမျိုးမှာ လက်ရဲ့ လှုပ်ရှားမှု ပုံစံကို မှတ်သားပြီး ဘာစာရေးနေလဲ ဆိုတာကို လက်စွပ်က ခွဲခြား သိနိုင်မယ်လို့ ဆိုပါတယ်။
Apple က တင်ထားတဲ့ မူပိုင်ခွင့် လျှောက်လွှာကို အမေရိကား မူပိုင်ခွင့်နဲ့ ကုန်ပစ္စည်း မှတ်ပုံတင် ရုံးက ကြာသပတေးနေ့ ကထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့် လျှောက်လွှာမှာ ယခု စမတ် လက်စွပ် အကြောင်း ပါဝင်လာတာ ဖြစ်ပါတယ်။
Apple စမတ် လက်စွပ်မှာ ကွန်ပြူတာ ပရိုဆက်ဆာနဲ့ ချိတ်ဆက် ထားတဲ့ ကြိုးမဲ့ ရေဒီယို လှိုင်းလွှင့်နိုင်၊ ဖမ်းနိုင်တဲ့ transceiver စက်တစ်ခု ပါရှိမှာ ဖြစ်ပြီး အနည်းဆုံး တစ်ခြား အီလက်ထရောနစ် ပစ္စည်း တစ်မျိုးမျိုးနဲ့  ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သစ်ထူးလွင်(နည်းပညာ)
Original link - http://technology.thithtoolwin.com/2015/10/touchscreen-apple.html

No comments: