
ကမ္ဘာ့ အပေါ့ဆုံး သတ္တု တည်ဆောက် ပုံကို ဘိုးရင်း လေယာဉ် ကုမ္ပဏီ ကနေ ချပြခဲ့ပြီး အဲဒီ သတ္တုရဲ့ ၉၉.၉၉ ရာခိုင်နှုန်းဟာ ဟောင်းလောင်းပေါက် ဖြစ်တယ်လို့ အခိုင်အမာ ဆိုထား ပါတယ်။
Styrofoam ထက်ကို အဆ ၁၀၀ ပေါ့ပါးပြီး နောင်အနာဂတ် လေယာဉ်တွေ တည်ဆောက်ရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီသတ္တုဟာ ဒုဓလီပန်းပေါ်မှာတောင် တင်ထားနိုင်လောက်အောင်ကို သိပ်ကိုပေါ့ပါးလွန်းပါတယ်။
ဒီသတ္တုကို microlattice လို့ ခေါ်ပါတယ်။ Microlattice သတ္တုဟာ ဘယ်လောက်မာလဲဆိုရင် ကြက်ဥတစ်လုံးကို Microlattice နဲ့ပတ်ပြီး ၂၅ထပ်အမြင့်တိုက်ပေါ်ကနေ ပစ်ချရင်တောင် ကြက်ဥက အကောင်းအတိုင်းရှိနေနိုင်ပါတယ်။
Microlattice ဟာ 3D ကလာပ်စည်းအပွင့် ပေါ်လီမာတည်ဆောက်ပုံ ဖြစ်ပြီး အခေါင်းပေါက်တွေချင်း ဆက်စပ်ကာ တည်ဆောက်ထားတာပါ။ အခေါင်းပေါက်တစ်ခုချင်းစီမှာ နံရံတစ်ခုစီရှိပြီး လူ့ဆံပင်ထက်ကို အဆ ၁၀၀၀ ပါးလွှာပါတယ်။
‘အဓိက အသုံးချမယ့်ဟာတွေထဲက တစ်ခုကတော့ လေယာဉ်ပျံတွေ တည်ဆောက်မှုမှာ သုံးဖို့ လုပ်နေပါတယ်။’ လို့ ဗိသုကာပစ္စည်းများ သုတေသနပညာရှင် Sophia Yang ကပြောပြခဲ့ပါတယ်။
Microlattice ကို မူလထုတ်လုပ်ခဲ့တာကတော့ အဆင့်မြင့်ကာကွယ်ရေးသုတေသနအစိုးရအဖွဲ့ (DARPA) ကပဲဖြစ်ပါတယ်။
Original link - http://technology.thithtoolwin.com/2015/10/blog-post_15.html

No comments: