တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

ပင်လယ်ထဲမှာ ရေကူးရင်း ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် နည်းပညာမြင့် ဘစ်ကနီ ၀တ်စုံ




အမျိုးသမီးတွေ အနေနဲ့ ပယ်လယ် ထဲမှာ ရေဆင်း ကူးရုံနဲ့ ကမ္ဘာကြီးကို ပါ ကယ်တင်နိုင်မယ် ဆိုရင် သင်သဘော ကျမှာလား?

ဘယ်လို ကယ်တင်နိုင် မှာလဲ ဆိုရင်တော့ အသစ် ထွက်ပေါ်လာတဲ့ နည်းပညာမြင့် ဘစ်ကနီ ၀တ်စုံကို လက်ညှိုး ထိုးပြရပါ လိမ့်မယ်။ ထို ဘစ်ကနီ ကတော့ ပင်လယ်ထဲက ညစ်ညမ်း ပစ္စည်း ( pollutant ) တွေကို စုပ်ယူနိုင်စွမ်း ရှိလာအောင် ဒီဇိုင်းပြုလုပ် ထားတာပဲ ဖြစ်ပါတယ်။

ထို ဘစ်ကနီ ကိုတော့ The Sponge Suit ဘစ်ကနီ လို့ခေါ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်က ကျောင်းသားတွေက ဒီဇိုင်းရေးဆွဲ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Reshape15 ဆိုတဲ့ ၀တ်ဆင်နိုင်တဲ့ နည်းပညာ ပြိုင်ပွဲမှာလည်း ပထမဆု ရခဲ့တဲ့ ဘစ်ကနီ ဖြစ်ပါတယ်။

ဒီဘစ်ကနီကို ပြုလုပ် ထားတဲ့ အခြေခံ ကုန်ကြမ်း ကတော့ Sponge လို့ခေါ်ပါတယ်။ ထို Sponge ဟာ ဆီတွေနဲ့ ဓါတုပိုလျှံ ပစ္စည်းတွေကို သန့်စင်ပေးနိုင်ဖို့ ဒီဇိုင်းရေးဆွဲ ထားတာဖြစ်ပြီး ပင်လယ်ရေထဲက ဆားဓါတ်ကို ထုတ်ပယ်ဖို့လည်း အသုံးပြုနိုင်တဲ့ ကုန်ကြမ်း တစ်မျိုး ဖြစ်ပါတယ်။ ထို ကုန်ကြမ်းဟာ အလေးချိန်ပေါ် မူတည်ပြီး အကြိမ် ၂၀ အထိ စုပ်ယူနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

ထို ကုန်ကြမ်းကို အီလက်ထရစ်ကယ် အင်ဂျင်နီယာ ဘာသာရပ် ရဲ့ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ Mihri Ozkan က ဦးဆောင်ပြီး ဒီဇိုင်း ကုမ္မဏီ တစ်ခုဖြစ်တဲ့ Eray Carbajo ကို ၀တ်ဆင်နိုင်တဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲစေခဲ့တာပဲဖြစ်ပါတယ်။

ဒီဝတ်စုံအတွက် လိုအပ်တဲ့ Sponge ကုန်ကြမ်းတွေဟာ သဘာဝပတ်ဝန်းကျင် အတွက် အလွန်ကောင်းမွန်နေစေနိုင်ပေမယ့်လည်း ကုန်ကျစရိတ်ကတော့ များမယ်လို့ Ozkan က ဆိုထားပါသေးတယ်။

ထို Sponge Suit ဆိုတဲ့ ဘစ်ကနီကတော့ 3D Print shell တစ်မျိုးဖြစ်တဲ့ Sponge ကုန်ကြမ်းရဲ့ လေ ၊ ရေဖြတ်သန်းသွားနိုင်မယ့် ရှုပ်ထွေးသော ကွန်ရက် ပုံစံ တည်ဆောက်ထားမှု ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Original link - http://technology.thithtoolwin.com/2015/10/blog-post_14.html


No comments: