တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

နေရောင်နဲ့ ထိရင် ပျောက်ကွယ်သွားမယ့် သွေးစုပ်ဖုတ်ကောင် ဒရုန်း




နေရောင်နဲ့ ထိရင် ပျောက်ကွယ် သွားမယ့် သွေးစုပ် ဖုတ်ကောင်လို မောင်းသူမဲ့ လေယာဉ် ဒီဇိုင်း ဖန်တီးပေးဖို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က တောင်းဆို လိုက်ပါတယ်။

အပျောက် ရိုက်ထားတဲ့ အထူးတပ်ဖွဲ့တွေ အတွက် အထောက် အပံ့တွေ ဒါမှမဟုတ် စစ်မြေပြင်မှာ လိုအပ်နေတဲ့ ဆေးဝါးတွေကို ဒရုန်းတွေက သွားချ ပေးနိုင် ပါတယ်။ ဒါပေမဲ့ ဒရုန်းတွေ တည်ရှိမှုက လက်ခံ ရယူသူတွေရဲ့ တည်နေရာကို သတင်းပေး သလို ဖြစ်သွားစေ နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်တွေရဲ့ ဒရုန်း နည်းပညာဟာ ရန်သူတွေရဲ့ လက်ထဲကို ရောက်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ အတွက် နေ့ဘက် အလင်းရောင် ထဲမှာ ပျောက်ကွယ် သွားမယ့် သွေးစုပ်ဖုတ်ကောင် ဒရုန်း တည်ဆောက်ဖို့ အတွက် ဒီဇိုင်းတွေကို ပင်တဂွန်က တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ပစ္စည်းတွေ ပို့ဆောင်နေတဲ့ အချိန် ၄ နာရီ အတွင်း အတိပျောက် ကွယ်နေနိုင်တဲ့ လေယာဉ်ကို ဖန်တီးမယ့် စီမံကိန်း သစ်ကို အဆင့်မြင့် ကာကွယ်ရေး သုတေသန အစိုးရဌာန (DARPA) ကနေ ရံပုံငွေထောက်ပံ့ ပေးနေ ပါတယ်။

ဒီစီမံကိန်းကို Icarus လို့ အမည်ပေး ထားပါတယ်။ Icarus ဆိုတာကတော့ ဂရိဒဏ္ဍာရီထဲက ကောင်လေးဖြစ်ပြီး နေနဲ့ အရမ်းနီးကပ်ပြီး ပျံသန်းခဲ့တဲ့ အချိန်မှာ သူ့ရဲ့ဖယောင်းအတောင် တွေ အရည်ပျော် ကျသွားခဲ့ သူပါ။

ဒီလို နေ့အလင်းမှာ ပျောက်ကွယ်တဲ့ ဒရုန်းသာ မရှိခဲ့ဘူး ဆိုရင် သွားဖို့ခဲယဉ်းတဲ့ နေရာတွေဆီ သွားတဲ့ အခါ လမ်းအရင် ရှင်းထားရတာ၊ ပုန်းနေ ရတာမျိုး လုပ်ရပါတယ်။ အဲဒီ အတွက် အချိန်ကုန် ပါတယ်။ ဒီလို အချိန်မကုန်ပဲ တိုက်ရိုက် သွားနိုင်ဖို့ အတွက်ကို Darpa က ရည်ရွယ်ခဲ့ တာပါ။

Original link - http://technology.thithtoolwin.com/2015/10/blog-post_57.html


No comments: