တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

Screen နှစ်ခု Selfie ကင်မရာနှစ်ခုနဲ့ စူပါဖုန်း LG V10




ဒါကတော့ LG ရဲ့ စူပါဖုန်း V10 ပါ။ သတိပြုမိစရာ Feature သစ်တွေနဲ့ စမတ်ဖုန်းသစ် တစ်လုံးကို LG က အစပျိုး လိုက်ပါပြီ။

Selfie ရိုက်ဖို့အတွက် 5MP ကင်မရာနှစ်လုံးလည်း ပါရှိပါတယ်။ ပထမ မျက်နှာပြင်ဖြစ်တဲ့ QHD အရည်အသွေးရှိ ၅.၇ လက်မ မျက်နှာပြင်နဲ့ ချိတ်ဆက်ထားတဲ့ ဒုတိယမျက်နှာပြင်တစ်ခုလည်း ဖုန်းအထက်နားမှာ ပါရှိပါတယ်။ သီးခြားစီ အလုပ်လုပ်တာပါ။

ဒုတိယမျက်နှာပြင်ပေါ်မှာ ရာသီဥတု၊ နေ့စွဲ၊ အချိန်၊ ဘက်ထရီအခြေအနေ စတာတွေကို ဘက်ထရီမကုန်စေဘဲ ပြသပေးမှာပါ။ တခြား App တွေ သုံးနေတဲ့ အချိန်မှာတောင် ပြသပေးနိုင်ပါတယ်။

ကင်မရာနှစ်လုံးဆိုတာကတော့ ပထမကင်မရာတစ်လုံးဟာ စံဖြစ်တဲ့ ၈၀ ဒီဂရီထောင့်ချိုးနဲ့ ရိုက်ပေးမှာပါ။ ဒုတိယကင်မရာကတော့ Fish-bowl effect ပါရှိတဲ့ ထောင့်ကျယ်ကင်မရာပါ။ ကင်မရာနှစ်လုံးကို ပေါင်းစပ်ပြီး ပုံရိပ်နှစ်ခုကို ပေါင်းစပ်ကာ ၁၂၀ ဒီဂရီထောင့်ချိုးနဲ့ ရိုက်ပေးမှာ ဖြစ်ပါတယ်။ နောက်ဘက်ကင်မရာ အပါအဝင် ကင်မရာ သုံးခုလုံးကို တစ်ပြိုင်တည်း ရိုက်ကူးနိုင်မယ့် “Multi-view Recording” စနစ်လဲ ပါဝင်ပါတယ်။

SD ကတ်ထပ်စိုက်ပြီး သုံးလို့ရပါတယ်။ ဘက်ထရီကတော့ 3000mAh ဖြစ်ပြီး ဖြုတ်နိုင်ပါတယ်။
ဒီလ ကိုရီးယားမှာ စတင်ရောင်းချနေပြီး အာရှ၊ ဥရောပ နဲ့ အမေရိကန်တို့ကိုလည်း ရောင်းချပေးဖို့ စီစဉ်နေပါတယ်။

Ref:engadget

Original link - http://technology.thithtoolwin.com/2015/10/screen-selfie-lg-v10.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: