
ဖုန်းတွေက တဖြည်းဖြည်းနဲ့ နေ့စဉ်သုံး ပစ္စည်းတွေ တော်တော် များများ နေရာမှာ အစားထိုး ဝင်ရောက် နေပါတယ်။ အခု နောက်ဆုံးပေါ် အိမ်သုံ ပစ္စည်းကတော့ ချိန်ခွင်ပါပဲ။
Huawei က သူ့ဖုန်းရဲ့ ဖိအားတိုင်း မျက်နှာပြင်ကြောင့် အလေးချိန် နည်းတဲ့ ပစ္စည်းတွေကို အလေး ချိန်နိုင်တာကို ချပြ ခဲ့ပါတယ်။ ခုလည်း iPhone 6S မှာ အလေး ချိန်နိုင်ဖို့ကို App တစ်ခုက လုပ်ဆောင်ဖို့ ကတိပြု ခဲ့ပါတယ်။
Gravity လို့ခေါ်တဲ့ ဒီ App ဟာ iPhone 6Sရဲ့ 3D Touch နည်းပညာကို သုံးပြီး ဖုန်းရဲ့ မျက်နှာပြင်ကို ချိန်ခွင် အဖြစ် ပြောင်းလဲပေးမှာပါ။ ဒါပေမဲ့ Apple ကတော့ ဒီ App ရဲ့ ပရိသတ်တစ်ယောက် မဟုတ်ခဲ့ပါဘူး။ Apple ရဲ့ Store ကနေ ပယ်ဖျက်လိုက်ပါတယ်။
Gravity App ကို ကယ်လီဖိုးနီးယား အခြေစိုက် ဒီဇိုင်း အင်ဂျင်နီယာ Ryan McLeod က ဖန်တီးခဲ့တာပါ။ ၀.၈၁ပေါင်ထိ ရှိတဲ့ ပစ္စည်းတွေကို တင်ပြီး အလေး ချိန်နိုင်တယ်လို့ သိရပါတယ်။
Ref: Daily Mail
Original link - http://technology.thithtoolwin.com/2015/10/iphone-6s.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: