တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 30, 2015

ရည်းစားဟောင်းရဲ့ ပုံတွေကို ဝှက်ထားပေးမယ့် Google Photos




အကယ်၍ သင်က တစ်ယောက် ယောက်ကို ရှာနေ တာပဲဖြစ်ဖြစ်၊ တစ်ယောက် ယောက်ကို ရှောင်နေ တာပဲဖြစ်ဖြစ်၊ Android ဖုန်းတွေ အတွက် Google Photos ကနေ ပိုမို လွယ်ကူအောင် လုပ်ပေး ထားပါတယ်။

အမေရိကန်က အသုံးပြုသူတွေ အနေနဲ့တော့ Google ရဲ့ facial detection feature (မျက်နှာဖတ် စနစ်) ဟာ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အခု လက်တင် အမေရိက၊ ကနေဒါ၊ ကာရစ်ဘီယမ်၊ သြစတြေးလျ၊ နယူးဇီလန် တို့အပြင် အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိကတွေ အတွက် ပါ ထုတ်ပေး လိုက်ပါတယ်။

ဗားရှင်း 1.8 App မှာ Search button ကိုနှိပ်ပြီး image Library တစ်ခုလုံးက မျက်နှာတွေကို အလိုအလျောက် ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အချစ်ဆုံး သူငယ်ချင်းကို ရုတ်တရက် ရိုက်ထားတာ ပဲဖြစ်ဖြစ် အုပ်စုလိုက် ရိုက်ထားတာ ပဲဖြစ်ဖြစ်၊ folder တစ်ခုတည်းနဲ့ ခွဲခြား စုစည်းပေးမှာပါ။ အဲ့ဒီ့မှာ အမြန် ရယူသုံးစွဲ ခွင့်တွေ ဖြစ်သွားပြီး အမြန်ပဲ label တပ်ထားနိုင်ပါတယ်။

အကယ်၍ သင်က ရည်စားဟောင်းရဲ့ ပုံတွေကို မမြင်ချင်ဘူး ဆိုရင် Google Photos ကနေ hide လုပ်ထားခွင့် ပေးမှာပါ။ အဲ့လိုမှ မဟုတ်လည်း delete လုပ်ချင်လည်း ဖြစ်ပါတယ်။

Ref: PC

Original link - http://technology.thithtoolwin.com/2015/10/google-photos.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: