တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 30, 2015

Google Play Games ကို update လုပ်၍ ဂိမ်းတွေကို Record လုပ်နိုင်ပြီ



Google က သူ့ရဲ့ Google Play Games app ဗားရှင်းသစ်ကို ဒီနေ့ ထုတ်လိုက်ပါပြီ။ ဒီ update ရရင် ဂိမ်းကစား ပွဲတွေကို ဗီဒီယို မှတ်တမ်း တင်ပြီး အွန်လိုင်းမှာ upload လုပ်ကာ share နိုင်ပြီဖြစ်ပါတယ်။

ကိုယ်ဘယ်လောက် ကြိုးစား ထားတယ်၊ ကိုယ့်ဂိမ်း ရလဒ်က အရမ်းကောင်း နေတယ်ဆိုရင် ဗီဒီယို မှတ်တမ်းတင် share ပြီး သူငယ်ချင်း အချင်းချင်း ကြွားလို့ ရပါပြီ။

ဒါကတော့ Google က YouTube နဲ့ချိတ်ဆက်လုပ်ဆောင်မှု တစ်ရပ်ပါပဲ။ Livestream လုပ်ပြီး တိုက်ရိုက်တောင် ပြနိုင်ပါသေးတယ်။ YouTube တော့ ဗီဒီယိုဖိုင်တွေ ပိုများလာမှာ မြင်ယောက်ပါသေးတယ်။

ဒီ update က ဂိမ်းသမားတွေအတွက် ပရိသတ်တွေ တိုးလာစေမှာပါ။ Tools တွေကလည်း သုံးရတာ လွယ်ကူလွန်းပါတယ်။ ဒီ Recording ကို အနာဂတ်မှာ feature သစ်တွေနဲ့ တိုးတက်အောင်လုပ်သွားဖို့ အတွက်လည်း Google မှာအလားအလာတွေ အများကြီးရှိပါတယ်။ လူတိုင်း ဗီဒီယိုမှတ်တမ်းတွေတင်ပြီး share ကြမှာ သေချာပါတယ်။

“Google Play မှာ Active user ပေါင်း သန်းထောင်ပေါင်း ၃၀ကျော် ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ နံပါတ် သက်သက် မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ ဂိမ်းကစားသူတွေလဲ ရှိပါသေးတယ်။” လို့ Google Play Games ရဲ့ ထုတ်ကုန်မန်နေဂျာ Ducan Curtis က GamesBeat ကိုပြောသွားပါတယ်။

Android အသုံးပြုသူတွေအားလုံးရဲ့ ၄ ပုံ ၃ ပုံဟာ ဂိမ်းကစားကြတယ်လို့ Curtis ကထောက်ပြသွားပါတယ်။

Ref: GamesBeat

Original link - http://technology.thithtoolwin.com/2015/10/google-play-games-update-record.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: