
Google ရဲ့ Project Loon ဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အင်တာနက်ထုတ်လွှတ်ပေးဖို့ရာ စတင်နေပြီလို့ သိရပါတယ်။ အင်တာနက်ဘောလုံးကို လာမယ့်နှစ်မှာ လွှတ်တင်မှာပါ။
မိုဘိုင်းကွန်ရက် အော်ပရေတာများဖြစ်ကြတဲ့ Indosat, Telkomsel နဲ့ XL Axiata တို့ရဲ့ လက်တွဲလုပ်ဆောင်မှုနဲ့အတူ Project Loon ဘောလုံးတွေကို ၂၀၁၆ခုနှစ်မှာ အင်ဒိုနီးရှား နိုင်ငံပေါ် လွှတ်တင်မှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းက ဖိုင်ဘာ ကွန်ရက်တွေ ဒါမှမဟုတ် မိုဘိုင်းဖုန်း တာဝါတွေ ၁၇၀၀၀ လောက်ကို တပ်ဆင်ဖို့နဲ့ ပြင်ဆင်ထိန်းသိမ်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့နေထိုင်သူပေါင်း သန်း ၂၅၀ မှာ သုံးပုံတစ်ပုံလောက်ပဲ အင်တာနက် နဲ့ အထိအတွေ့ ရှိပါသေးတယ်။ ဒီလိုနေရာကို Google ရဲ့ Project Loon က လာမှာပါ။
“Project Loon မှာ မြေပြင် အင်တာနက်ထုတ်လွှင့်ရုံတွေနဲ့ ချိတ်ဆက်ထားတဲ့ ဒေသတွေက ထုတ်လွှင့်ချက်တွေကို ထုတ်လွှင့်နိုင်စွမ်းရှိပါတယ်။ ပြီးတော့ ဘောလုံးအုပ်စုကြီးတွေဟာ တစ်ခုနဲ့တစ်ခု ထုတ်လွှင့်ချက်တွေ တန်ပြန်ရိုက်ခတ်ပြီး အလှုပ်ရှားဆုံး ကျွန်းတွေကိုတောင် ဒေတာပြန်ချပေးနိုင်ပါတယ်။” လို့ Google+ ပို့စ်တစ်ခုမှာ ဖတ်ရပါတယ်။
Ref: PC
Original link - http://technology.thithtoolwin.com/2015/10/google.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: