
သာမန်လူတစ်ယောက်ဟာ အခုဆိုရင် ဖုန်း၊ လပ်ပ်တော့ပ်၊ တက်ဘလက် စတဲ့ Gadget ၇မျိုးကျော်ကျော်ကို ပိုင်ဆိုင် ထားကြ ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Gadget တွေကို Link လုပ်ဖို့ ဆိုတာကတော့ မလွယ်ကူပါဘူး။ ဒေတာတွေကို Back up ကလည်း လုပ်ရဦးမယ်။
ဒီပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ကမ္ဘာ့ အသေးငယ်ဆုံး အထွေထွေသုံး ကွန်ပျူတာလို့ ဆိုတဲ့ ကွန်ပျူတာကို အင်ဂျင်နီယာအဖွဲ့ တစ်ဖွဲ့ကနေ တီထွင်ခဲ့ ပါတယ်။ နာမည်က Solu, သစ်သားနဲ့ လုပ်ထားပြီး အရွယ်အစားကတော့ အောက်ခံ ပန်ကန်ပြား အရွယ်လောက်ပဲ ရှိပါတယ်။ အများနဲ့ မတူတဲ့ OS လည်းရှိပါတယ်။ အသုံးပြုသူတွေ အနေနဲ့ cloud စနစ်ကို လွတ်လွတ် လပ်လပ်၊ ပြောင်းလွယ် ပြင်လွယ် အသုံးပြုနိုင်မှာပါ။
‘Solu က တကယ့်ကို လှပပြီး ခေတ်ရှေ့ပြေးတဲ့ Cloud နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာပါ။ ခင်ဗျားတို့ရဲ့ hard drive, ဖိုင်တွေ back up လုပ်ရတာ၊ ဆော့ဖ်ဝဲလ်တွေ သွင်းရတာ စသဖြင့် ဘာမှ ထပ်ပြီး စိတ်ပူစရာ မလိုတော့ပါဘူး။ Solu က ခင်ဗျားတို့ အတွက် အားလုံး လုပ်ပေးသွားမှာပါ။” လို့ ဒီကွန်ပျူတာကို တီထွင်ခဲ့တဲ့ ဖင်းန်စ်ရှ် ကုမ္ပဏီက ပြောပါတယ်။

ဒီကွန်ပျူတာဟာ သာမန် စမတ်ဖုန်းတွေထက် အားကောင်း ပါတယ်။ 2.3GHz processor ပါရှိပါတယ်။ 32GB storage ပဲ ပါတယ်ဆိုပေမဲ့ content တွေအားလုံးကို Solu cloud ထဲမှာ သိမ်းထားပေးမှာပါ။ Setting တွေ အားလုံးကိုလည်း အလိုအလျောက် back up လုပ်ပေးမှာပါ။
Solu ရဲ့ ကိုယ်ပိုင်မျက်နှာပြင်နဲ့ အသုံးပြုနိုင်သလို၊ Monitor, Keyboard တို့နဲ့ချိတ်ဆက်လိုက်တဲ့ အခါ touchpad အဖြစ်နဲ့ အသုံးပြုလို့လည်း ရနိုင်ပါတယ်။ သိပ်ကို မိုက်တဲ့ တီထွင်မှုပါပဲ။
Ref: Dailymail
Original link - http://technology.thithtoolwin.com/2015/10/solu.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: