
အီရတ်နဲ့ အာဖဂဂန် စစ်ဖွဲစေမှာ တာဝန် ကျနေတဲ့ အမေရိကန်ပေါင်း ၂.၇ သန်း ခဲ့ရှိပါတယ်။ ၄င်းတို့ အနက်က အနည်းဆုံး ၂၀ ရာခိုင်နှုန်းဟာ Post Traumatic Stress Disorder (စိတ်ဝေဒနာ) ကို ခံစားနေ ကြရပါတယ်။
ဦးနှောက်ထဲကို ချစ်ပ် ထည့်ပြီး စစ်မှုထမ်းဟောင်း တွေကို ကုသပေးကာ စိတ်ဝေဒနာ ခံစားရသူ အရေ အတွက်ကို လျှော့ချပေးနိုင်မှာ ဖြစ်ကြောင်း အမေရိကန် အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်းအစိုးရ အဖွဲ့ (DARPA) ကပြောခဲ့ပါတယ်။
ကြိုးမဲ့စနစ်သုံး 'neuroprosthetic' ဦးနှောက်တုကို ထည့်သွင်းခြင်းက မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို ပြန်လည်ရရှိစေပြီး စိတ်ဝေဒနာဆိုင်ရာ ဦးနှောက်ထိခိုက်မှုတွေကို ကုသပေးရာမှာ ကူညီပေးနိုင်ကြောင်း DARPA မှ သုတေသီတွေက ပြောခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ Restoring Active Memory (RAM) (တက်ကြွမှတ်ဉာဏ်ပြန်လည်ရရှိရေး) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ DARPA ရဲ့ 'ဦးနှောက်' စီမံကိန်းတွေအနက်က တစ်ခုပါပဲ။
ဒီချစ်ပ် အစိတ်အပိုင်းလေးတွေကို အစီအစဉ်တကျ ထည့်သွင်းလိုက်တာနဲ့ လုပ်ဆောင်မှုမှန်နေတဲ့ ဦးနှောက်တစ်ခုလိုပဲ ကွန်ပျူတာပုံစံတွေကို ဖန်တီးနိုင်မှာပါ။ ချစ်ပ်တွေကို ဖန်တီးဖို့အတွက် ဦးနှောက်က မှတ်ဉာဏ်တွေကို ဘယ်လို ကုတ်(code)ဖြည်တယ်ဆိုတဲ့ ပဟေဌိကို အရင်ဆုံး အဖြေထုတ်ရမယ်လို့ သုတေသီတွေက ပြောပါတယ်။
Ref: Daily Mail
Original link - http://technology.thithtoolwin.com/2015/11/blog-post_20.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: