
အပင်တွေနဲ့ လျှပ်စစ် ပစ္စည်း တွဲထား တာမျိုးကို ကျွန်တော်တို့ မြင်ဖူးပါတယ်။ ဒါပေမဲ့ အပင်တွေထဲမှာ လျှပ်စစ် ပစ္စည်းကို ထည့်ထားပြီး လျှပ်စစ် စီးနေတာ မျိုးကို ကျွန်တော်တို့ မမြင်ဖူးပါဘူး။
အမှန်ပါပဲ။ လျှပ်စစ်ကို လက်ခံတဲ့ အပင်ကို မဖျက်စီး ပစ်ဘဲနဲ့ အပင်ထဲမှာ လျှပ်စစ် ပတ်လမ်းထည့်ဖို့ ဆိုတာ ခက်ခဲ ပါတယ်။ ဒီလို ထူဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်ကို ဖန်တီးဖို့ရာ အကြီးမားဆုံး အခက် အခဲတွေ အနက်က တစ်ခုကို ဆွီဒင် သိပ္ပံပညာရှင်တွေက ကျော်လွန်နိုင် ခဲ့ပါတယ်။
နှင်းဆီပန်းထဲမှာ အီလက်ထရောနစ် ဆားကစ် တစ်ခု ဖြစ်အောင် လိုအပ်တဲ့ အဓိက လိုအပ်ချက် တွေကို သူတို့က အောင်မြင်စွာ ဖန်တီးနိုင် ခဲ့ပါတယ်။ လှည့်ကွက်ကတော့ ရိုးတံကိုဖြတ်ပြီး ဝိုင်ယာကြိုးတွေကို သူကိုယ်တိုင် ဖွဲ့စည်း တည်ဆောက်မယ့် အထူးပေါ်လီမာကို ထည့်သွင်း လိုက်တာပဲ ဖြစ်ပါတယ်။
ဒီလို လုပ်လိုက်ခြင်းကြောင့် နှင်းဆီပန်း အသက်ရှင်ဖို့ရာ အာဟာရ စီးဆင်းမှုကိုလည်း ဖြတ်တောက် လိုက်ခြင်းမရှိပဲ လျှပ်စီးကို သယ်ဆောင်ပေးပါတယ်။
အပင်ထဲမှရှိတဲ့ သကြားဓာတ်ကို စွမ်းအင် အဖြစ်ပြောင်းပေးတဲ့ လျှပ်ခေါင်း ( Electrodes ) တွေလိုမျိုး အပင်အခြေခံ ဆားကစ်တွေ အတွက် အခြေခံ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ အလုပ်တွေ ကိုလည်း ဒီအဖွဲ့က လုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/11/blog-post_97.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: