တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

Koobee အမှတ်တံဆိပ်က ထုတ်လုပ် လိုက်တဲ့ ဒေါ်လာ ၂၅၀ တန် Pepsi ဖုန်း




ဘာကြောင့်လဲတော့ မသိပေမယ့် တရုတ်နိုင်ငံဟာ Pepsi အမှတ်တံဆိပ် နဲ့ ပတ်သက်ပြီး လွှမ်းမိုးမှု ရှိနေပါတယ်။ Pepsi Edition Oppo N1 ထွက်ပြီးတဲ့ နောက်မှာတော့ အရှေ့တိုင်းက အခြား ကုမ္မဏီ တစ်ခုဟာ Pepsi ဖုန်းလို့ နာမည်တွင်မယ့် ကိရိယာ သစ်တစ်ခုကို ထုတ်လုပ် လိုက်ပြန်ပါပြီ။

ရုတ်တရတ် ဆိုရင်တော့ သင် အဲဒီဖုန်းကို Oppo R7 Plus လို့ ထင်မိမှာပါ။ တစ်ကယ်တော့ ဒါဟာ ဒေါ်လာ ၂၅၀ တန် KooBee H7 ဖုန်းရဲ့ ခြားနားမှု တစ်ခုပါ။

ဒီဖုန်းမှာတော့ ၅.၅ လက်မ ကျယ်ဝန်းတဲ့ 1080p မျက်နှာပြင် ၊ 2.5D ဖန်သားပြင် ၊ MediaTek MT6592 1.7GHz octa-core processor ၊ အတွင်းသိုလှောင်ပမာဏ 16GB ၊ RAM က 2GB နဲ့ ကျောဘက်ခြမ်းမှာလည်း လက်ဗွေ ဆင်ဆာ တို့ပါဝင်ပါတယ်။

သူ့ရဲ့ ကိုယ်ထည်ကိုလည်း Huawei Mate 7 လိုပဲ သတ္တု ဘောင်တွေ ထည့်သွင်း ထားပါတယ်။ ဒီဖုန်းမှာတော့ Koobee က ပြန်လည်ပြုပြင်ထားတဲ့ Android 5.1 စနစ်ကို အသုံးပြု ထားပြီး Pepsi အမှတ်တံဆိပ် ရဲ့ Theme ကို အသုံးပြု ထားတယ်လို့လည်း သိရပါတယ်။

Pepsi ဖုန်းရဲ့ ကျန်အစိတ်အပိုင်းတွေ အားလုံးကတော့ Koobee H7 နဲ့ တစ်ပုံစံ တည်းပါပဲ။

13Megapixel ရှိပြီး f/2.0 ကင်မရာ ၊ 5Megapixel ရှိတဲ့ ဆယ်လ်ဖီ ကင်မရာ ၊ 3300 mAh ဘက်ထရီ ၊ ဆင်းမ်ကတ် ၂ ကတ် ထည့်သွင်းနိုင်မယ့် Dual SIM Slots နဲ့ MicroSD ထည့်သွင်းနိုင်တဲ့ Slot တို့ပဲ ဖြစ်ပါတယ်။ အထူ ကတော့ ၇.၇ မီလီမီတာ သာ ရှိပြီး အလေးချိန်ကတော့ ၁၅၈ ဂရမ် လေးတယ်လို့ သိရပါတယ်။

Ref : Engadget

Original link - http://technology.thithtoolwin.com/2015/11/koobee-pepsi.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: