တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

၉၈ ရာခိုင်နှုန်း လေဖြင့် တည်ဆောက်ထားသော ရွှေတုံးများကို သိပ္ပံ ပညာရှင်များ တီထွင်ခဲ့




ခေတ်သစ် အဂ္ဂိရတ် ပညာဖြင့် ၂၀ ကာရတ် ရွှေကို ပေါ့ပေါ့ ပါးပါး ဖြစ်အောင် ပုံစံပြောင်း ရာမှာ ဆွစ်ဇလန် နိုင်ငံရှိ ETH Zurich (သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်) မှ သိပ္ပံ ပညာရှင် တွေက အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ပါတယ်။

လေနှင့် အခေါင်းပေါက်တွေ ရောထွေး ထားပြီး လေလောက် နီးနီး ပေါ့ပါးတဲ့ ဒီရွှေတုံးတွေရဲ့ ၉၈ ရာခိုင်နှုန်းဟာ လေတွေပဲ ဖြစ်ပါတယ်။ ဒီရွှေတုံးတွေဟာ ဓာတ် မလိုက်ပါဘူး။ လေဖိအားမှာ တည်ဆောက်မှု ရွှေ အက်တမ်တွေက တစ်ခုနဲ့ တစ်ခု လုံးဝ မထိလို့ပဲ ဖြစ်ပါတယ်။

"ဒီရွှေတုံးတွေဟာ လေလောက် နီးနီးပေါ့ပါးတဲ့ အတွက် ရေထက်တောင် ပေါ့ပါတယ်။ သာမန်ရွှေ သတ္တု စပ်တွေနဲ့ ယှဉ်မယ်ဆိုရင် အဆပေါင်း ၁၀၀၀ လောက် ပိုပေါ့ ပါတယ်။" လို့ ETH Zurich မှ အစား အသောက်နှင့် အပျော့ထည် ဆိုင်ရာ ပါမောက္ခ Raffaele Mezzenga က ပြောခဲ့ ပါတယ်။

ဒီရွှေတုံးတွေကို ဖန်တီးရာမှာ ပထမဆုံး နို့ပရိုတိန်း တွေနဲ့ နာနိုမီတာ စကေးရှိတဲ့ ဖိုင်ဘာတွေ ဖြစ်အောင် ပြိုကွဲ သွားတဲ့ အထိ အပူပေး ရပါတယ်။ ပြီးနောက် ရွှေမှုန် ပျော်ရည်နဲ့ ရောကာ ဂျယ်နဲ့ တူတဲ့ အမျှင်သိပ်သည်းမှု ဖြစ်အောင် စပ်ရ ပါတယ်။ အဲဒီနောက် အဲဒါကို ကာဗွန်ဒိုင် အောက်ဆိုဒ်မှာ နှစ်ပြီး ညင်ညင် သာသာ အခြောက်ခံ ရပါတယ်။

ရလာတဲ့ ထုတ်ကုန်ကတော့ သဘာဝ ရွှေအတိုင်း ပါပဲ။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/blog-post_28.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: