Telecom Daily သတင်းဌာန၏ ထုတ်ပြန် ကြေညာချက် အရ Rosensergoatom စွမ်းအင် ကုမ္ပဏီဟာ ရုရှားနိုင်ငံရှိ အကြီးဆုံး ဒေတာ စင်တာကို ဆောက်လုပ် နေတယ်လို့ သိရ ပါတယ်။ နောက်ပြီး ၄င်းကို Kalinin ဓာတ်အားပေး စက်ရုံ ၏ ထိပ်ဘက်တွင် ထားရှိမယ်လို့ ဆိုပါတယ်။
မော်စကို အနောက် မြောက်ဘက် မိုင် ၁၂၀ အကွာ ခန့်မှာ တည်ရှိတဲ့ ဒီ နျူကလီးယားသုံး ဓာတ်အားပေး စက်ရုံဟာ ဒေတာ စင်တာမှာ သုံးဖို့ လိုအပ်တဲ့ ၈၀ မီဂါဝပ် ကို ထောက်ပံ့ ပေးသွားမှာပါ။ တည်ဆောက်မှု စရိတ်ဟာ ကန်ဒေါ်လာ ၉၇၅ သန်း ကုန်ကျမယ်လို့ ခန့်မှန်း ရပါတယ်။
ဒေတာစင်တာရဲ့ ၁၀ ရာခိုင်နှုန်းကို Rosensergoatom ကုမ္ပဏီ အသုံး အတွက် ချန်ထားမှာ ဖြစ်ပြီး ကျန်တာကို စီးပွားရေး ဆိုင်ရာ customer တွေက အသုံးပြုမယ်လို့ သိရပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/11/blog-post_63.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments: