တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

မည်သည့် ပြသမှု မျက်နှာပြင်ကို မဆို ကွန်ပျူတာ အဖြစ် ပြောင်းပေးမယ့် Chromebit




သင့် အင်္ကျီ အိတ်ကပ်ထဲကို ကွန်ပျူတာ တစ်လုံး ဆောင်သွားချင်တဲ့ စိတ်မျိုး ဖြစ်ဖူး ပါသလား။

ဒီ Stick ကတော့ ဘယ်ပြသမှု မျက်နှာပြင်ကို မဆို USB ထိုးလိုက်တာနဲ့ ကွန်ပျူတာ တစ်လုံး အဖြစ် ပြောင်းပေးမှာပါ။ အရွယ်အစား ကလည်း ဆေးပြင်းလိပ် လောက်ပဲ ရှိပါတယ်။ သေးငယ်တဲ့ ကွန်ပျူတာ ဆိုပေမဲ့ တကယ့် ကွန်ပျူတာပါပဲ။

ဒီ Chrombit မှာ Google ရဲ့ Chrome စနစ်ကို သုံးထားပြီး Asus ကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ LCD/LED ပြသမှု မျက်နှာပြင် ဒါမှမဟုတ် USB ထိုးလို့ရတဲ့ တီဗွီ တစ်လုံးမှာ ဒီ Stick ကို ထိုးလိုက်ရုံပါပဲ။

တစ်ကိုယ်ရေသုံး ကွန်ပျူတာမှာ သုံးလေ့ရှိတဲ့ Software အမျိုးအစားတွေ သုံးလို့ရပါတယ်။ Word, spreadsheet တွေကအစ အွန်လိုင်းဗီဒီယို၊ အီးမေလ် စတာတွေကို အသုံးပြုနိုင်ပါတယ်။

Asus Chromebit မှာ Chrome OS ကိုပဲအသုံးပြုထားပါတယ်။ Chrome ဟာ အင်တာနက်ခေတ်ကြီးအတွက် ဖန်တီးထားတဲ့ OS တစ်ခုပဲဖြစ်ပါတယ်။

Google Docs, Word Processor, Gmail စတဲ့ အင်တာနက် အခြေခံ App တွေကိုသုံးဖို့ ထုတ်လုပ်ထားတာပါ။ လုံခြုံရေးလည်း ပိုကောင်းပါတယ်။

Ref: Wired

Original link - http://technology.thithtoolwin.com/2015/11/chromebit.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: