တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 14, 2015

Facebook အသုံးပြုတဲ့ မိဘတွေကို သတိပေးမဲ့ စနစ်သစ် ထွက်ရှိ




Facebook အသုံးပြုတဲ့ မိဘတွေကို မိမိရဲ့ ကလေးဓာတ်ပုံတွေကို Public လုပ်ပြီး တင်မယ်ဆိုရင် သတိပေးချက် ပြုလုပ်တဲ့ feature သစ်တစ်ခုကို Facebook က မိတ်ဆက်လိုက်ပါတယ်။

အဆင့်မြှင့်ထားတဲ့ Artificial Intelligence (AI) မှာ နက်နက်ရှိုင်းရှိုင်း သင်ယူနိုင်စွမ်းရှိပြီး ဓာတ်ပုံတွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို စမ်းစစ်မှု ပိုအားကောင်းလာတယ်လို့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာ ဆရာကြီး Jay Parikh ကပြောခဲ့ပါတယ်။

မိသားစုဝင်တွေရဲ့ ဓာတ်ပုံကို Public လုပ်ပြီးတင်မယ်ဆိုရင် ဒီဆော့ဖ်ဝဲလ်က သတိပေးမက်ဆေ့ခ်ျ ပေးပို့မှာ ဖြစ်တယ်လို့ Evening Standard က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ညက လန်ဒန်မှာ ဟာသပညာရှင် Dara O'Briain နဲ့ မစ္စတာ Parikh တို့ မီဒီယာပွဲလုပ်တုန်းက "ကျွန်တော်က ကျွန်တော့်ကလေးတွေနဲ့ ပန်းခြံမှာ ကစားနေတဲ့ ဓာတ်ပုံကို တင်မယ်ဆိုရင်၊ ပြီးတော့ မမျှော်လင့်ထားဘဲ public လုပ်ပြီး share မိတဲ့အခါ၊ 'ဟေ့၊ ခဏစောင့်ဦး၊ ဒါ ခင်ဗျားကလေးတွေရဲ့ ဓာတ်ပုံနော်၊ ပုံမှန်ဆိုရင် ခင်ဗျားရဲ့ မိသားစုဝင်တွေဆီကိုပဲ post လုပ်တာ၊ ဒီလိုမျိုး (Public လုပ်ပြီးတင်တာ) ကို လုပ်ချင်တာ တကယ်ပဲလား။' လို့ စနစ်ကနေ ကျွန်တော့်ကို ပြောမှာပါ။" လို့ မစ္စတာ Parikh ကပြောခဲ့ပါတယ်။

Ref: Mirror

Original link - http://technology.thithtoolwin.com/2015/11/facebook_14.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

1 comment: