
Emoji ပုံသစ် လေးတွေ ရတော့မယ်လို့ Android ဥက္ကဌ Hiroshi Lockheimer ကပြောခဲ့ ပါတယ်။ နောက်တစ်ပတ် ဆိုရင် စတင် အသုံးပြုနိုင် ပါပြီ။
Unicode 8.0 Standard ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ တာကိုလိတ်၊ ယူနီကွန်း၊ ခြင်္သေ့ မျက်နှာ စတဲ့ emoji ပုံသစ်လေး တွေကို နောက်တစ်ပတ်ဆို Nexus ဖုန်းတွေ၊ တက်ဘလက်တွေမှာ အသုံးပြုနိုင် မှာပါ။
ဒီလိုပြောင်းလဲဖို့အတွက်က ကီးဘုတ်သစ်၊ ဖောင့်အသစ်နဲ့ ကုတ်အသစ် လိုအပ်ပါတယ်။ စနစ်တစ်ခုလုံးကို upgrade လုပ်ဖို့ လာတော့မယ်လို့ ဆိုလိုတာပါပဲ။ တခြားအပြောင်းအလဲတွေ ဘာရှိဦးမလဲဆိုတော့ Lockheimer က စောင့်သာကြည့်ပါတဲ့။
သင့်မှာ Nexus ဖုန်းမရှိဘူးဆိုရင်တော့ ကိုယ့်ဖုန်းကိုထုတ်လုပ်တဲ့ ကုမ္ပဏီကနေ upgrade လုပ်ပေးမှရမှာပဲ ရတော့မှာပါ။ ဒါကလည်း Nexus ဖုန်းတွေရဲ့ ဦးဆုံးကိုမှ ရတယ်ဆိုတဲ့ အားသာချက်ပါပဲ။
Android မှာ emoji အသစ်လေးတွေရလာပြီဆိုတော့ emoji စွဲလန်းတဲ့သူတွေက ပျော်ကြမှာပါပဲ။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/12/android-emoji-nexus_4.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: