တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

Facebook မှာ "Most Used Words" လုပ်ဆောင်ချက်ကို အသုံးမပြုမှီ ၂ ခါ စဉ်းစားဖို့ လို




ကမ္ဘာ တစ်ဝှမ်းက ၁၇.၆ မီလျံ အရေ အတွက် ရှိတဲ့ Facebook သုံးစွဲ သူတွေဟာ သူတို့ရဲ့ Facebook Post တွေထဲမှာ အသုံး အများဆုံး စကားလုံးတွေကို ရှာဖွေ ဖော်ထုတ်ပြတဲ့ "Most Used Words" ဆိုတဲ့ ဂိမ်းတစ်မျိုးကို အသုံးပြု ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပုဂ္ဂိုလ်ရေး လုံခြုံမှု နဲ့ ပတ်သက်ပြီး ကျွမ်းကျင် သူတွေက သတိပေး ခဲ့တာကတော့ အဲဒီလို "Most Used Words" ဆိုတဲ့ ဂိမ်း အတွက် Sign Up လုပ်လိုက်ခြင်းဟာ သုံးစွဲသူ ရဲ့ သတင်း အချက်အလက် တွေကို ကြော်ငြာ လုပ်ငန်းရှင်တွေ လက်ထဲ ပေးအပ် လိုက်တာ နဲ့ အတူတူပဲ လို့ဆိုပါတယ်။

Von Von ကုမ္မဏီက ဖန်တီး ထားပြီး ကျယ်ပြန့်စွာ ရေပန်း စားလာတဲ့ Facebook ရဲ့ Most Used Words app ကို အသုံးပြု လိုက်တဲ့ သူတိုင်းဟာ "သူတို့ဘာမှ မသိသေးတဲ့ ကုမ္မဏီ တစ်ခုကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အသေးစိတ် အချက် အလက် အားလုံးကို ပေးအပ်ဖို့ သဘော တူပြီးသား ဖြစ်တယ်" လို့ Comparitech ဆိုတဲ့ နည်းပညာ အဖွဲ့က ဆန်းစစ် ဖော်ထုတ် ထားပါတယ်။

သုံးစွဲသူ တစ်ယောက်ဟာ Von Von မှာ Sign Up လုပ်ပြီး အသုံး အများဆုံး စကားလုံး တွေကို ကောက်ယူစေ လိုက်တာနဲ့ ကုမ္မဏီ ကသင့်ရဲ့ အမည် ၊ အသက် ၊ ပရိုဖိုင်း ဓါတ်ပုံ ၊ ဖေ့စ်ဘွတ် သူငယ်ချင်း များနဲ့ အခြား Facebook က တစ်ဆင့် ဖော်ပြဖူးခဲ့တဲ့ သတင်း အချက်အလက် များအားလုံးကို ရရှိ သွားမှာ ဖြစ်ပါတယ်။

ထို သတင်းအချက် အလက်တွေဟာ Von Von ကုမ္မဏီ ရဲ့ ကမ္ဘာ တစ်ဝှမ်းက ဆာဗာ တွေထဲမှာ ရောက်ရှိနေပြီး ကြော်ငြာ လုပ်ငန်းရှင်တွေ ကို ပြန်လည် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : Mario

Original link - http://technology.thithtoolwin.com/2015/12/facebook-most-used-words.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: