တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 14, 2015

မကြာခင် ထွက်လာတော့မယ့် ကုမ္ပဏီ ၀န်ထမ်းတွေ အတွက် လုပ်ငန်းခွင်သုံး Facebook ဗားရှင်း




ဒီ ‘လုပ်ငန်းခွင်သုံး Facebook’ မှာတော့ Candy Crush စတဲ့ Facebook ဂိမ်းတွေ ကစားလို့ ရမှာ မဟုတ်ပါဘူး။

Facebook ဟာ ကုမ္ပဏီလုပ်ငန်းတွေ အတွက် ရေးဆွဲ ထားတဲ့ ‘Facebook at Work’ ကို တစ်နှစ်ကြာ စမ်းသပ်မှုပြီးနောက်၊ လာမယ့်လ အတွင်းမှာ ထုတ်ပေး သွားဖို့ ရှိတယ်လို့  ကုမ္ပဏီရဲ့ အလုပ် အမှုဆောင် အရာရှိတစ်ဦးက ထုတ်ပြော ခဲ့ပါတယ်။

လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှု ရှိဖို့ အတွက် ရည်ရွယ် ပြင်ဆင် ထုတ်လုပ်ထားတဲ့ ယခု ၀န်ဆောင်မှု အသစ်ဟာ လက်ရှိလူတွေ သုံးနေကြတဲ့ လူမှုကွန်ရက် အတိုင်း news feed ၊ Likes ၊ chatting စတာတွေ ပါဝင်ပြီး တစ်ထေရာတည်း နီးပါး တူညီမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခု ‘လုပ်ငန်းခွင်သုံး Facebook’ မှာ user တွေ အနေနဲ့  လက်ရှိ Facebook profile တွေနဲ့ မတူတဲ့ သီးသန့် profile တစ်မျိုးကို ရရှိမှာ ဖြစ်ပါတယ်။

ဒီ့အပြင် ‘ လုပ်ငန်းခွင်သုံး Facebook’ အတွက် အထူး သီးသန့်  ထုတ်ကုန် ဆော့ဖ်ဝဲတွေကို လည်းရေးဆွဲနေ ပြီး၊ လုံခြုံရေးပိုင်း ဆိုင်ရာ tool တွေလည်း ပါရှိမှာ ဖြစ်တယ်လို့  Facebook ရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ ပလက်ဖောင်း မိတ်ဖက် ကုမ္ပဏီ များရဲ့ ညွှန်ကြားရေးမှူး Julien Codorniou က ပြောကြား ခဲ့ပါတယ်။

ဒီဝန်ဆောင်မှုကို စတင်ထုတ်ပေး ပြီးတာနဲ့ ကုမ္ပဏီတိုင်း အခမဲ့ သုံးစွဲနိုင်မှာ ဖြစ်ပြီး ပရီမီယမ် ၀န်ဆောင်မှုတွေ ယူမယ် ဆိုရင်တော့ အသုံးပြုသူ တစ်ယောက်ကို တစ်လဒေါ်လာ အနည်းငယ်စီ ကောက်ခံ သွားဖို့ ရှိတယ်လို့ သိရပါတယ်။

‘လုပ်ငန်းခွင်သုံး Facebook’ ကို လက်ရှိမှာ Heineken ၊ စကော့တလန် တော်ဝင်ဘဏ်၊ ကျောက်မျက် ရတနာ ကုမ္ပဏီ Stella & Dot စတဲ့ ကုမ္ပဏီတွေ အပါအ၀င် ကုမ္ပဏီပေါင်း ၃၀၀ ကျော်လောက် အသုံးပြုလျက် ရှိကြ ပါတယ်။

ပြင်သစ် အပန်းဖြေ စခန်း ကုမ္ပဏီ Club Med အနေနဲ့ လည်း ၂၀၁၆ ခုနှစ် နွေရာသီမှာ ကုမ္ပဏီရဲ့ ၀န်ထမ်းဦးရေ ၁၃၀၀၀ အကုန်လုံးကို ‘လုပ်ငန်းခွင်သုံး Facebook’ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့  သိရပါတယ်။

သာမန် Facebook နဲ့ အကုန်လုံး နီးပါး တူပေမယ့်လည်း ‘လုပ်ငန်းခွင်သုံး Facebook’ မှာတော့ Candy Crush လိုမျိုး ဂိမ်းတွေ ကစားလို့ ရမှာ မဟုတ်ဘူးလို့ Codorniou က ပြောပြ ခဲ့ပါတယ်။

Ref: Dailymail

Original link - http://technology.thithtoolwin.com/2015/12/facebook_12.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: