
သုတေသီတွေဟာ ဘိုင်အိုဆီက တဆင့် ပြန်လည် အသစ်ဖြစ်နိုင်သော စက်သုံးဆီ တစ်မျိုးကို ထုတ်လုပ်နိုင် ခဲ့တယ်လို့ သိရ ပါတယ်။ သုတေသီ တွေရဲ့  ပြောကြားချက် အရတော့ ထို စက်သုံးဆီ တွေဟာ ဓါတ်ဆီ နေရာမှာ အစားထိုး အသုံးပြု လာနိုင်တယ်လို့ ဆိုပါတယ်။
ဘိုင်အိုဆီ ဆိုတာဟာ သစ်တော အကြွင်းအကျန်တွေကို ဆက်တိုက် အပူပေးပြီးနောက် အောက်ဆီဂျင် ကင်းမဲ့တဲ့ သဘာဝ ပတ်ဝန်းကျင်တစ်ခုမှာ အပူပြန်ပေးခြင်းနဲ့ ဖြစ်ပေါ်လာတဲ့ ဆီကို ဆိုလိုပါတယ်။
သစ်တော အကြွင်းအကျန်တွေကို ဘိုင်အိုဆီ လို့ခေါ်တဲ့ အရည်အဖြစ်ပြောင်းလဲခြင်းမှာ စွမ်းအင် သိပ်သည်းဆ ဟာလည်း များပြားလာပြီး သယ်ယူပို့ဆောင်ရေး စနစ်မှာလည်း အထောက်အပံ့ ဖြစ်လာစေနိုင်တယ်လို့ သိရပါတယ်။
ဘိုင်အိုဆီတွေကို ပြန်လည်အသစ်ဖြစ်နိုင်သော စက်သုံးဆီ အဖြစ် ပြောင်းလဲလိုက်တဲ့ လုပ်ဆောင်ချက်ကို ဓါတ်ငွေ့အသွင်ပြောင်းလဲခြင်း(Gasification) လို့ခေါ်ပါတယ်။ ထို လုပ်ဆောင်ချက်မှာတော့ သစ်ပျော့ နဲ့ စက္ကူထုတ်လုပ်ရေးကနေ ရရှိတဲ့ အနက်ရောင်အရည် နဲ့ ဘိုင်အိုဆီ နဲ့ ပေါင်းစပ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ သုတေသနကိုတော့ Furusjo ဆိုတဲ့ အဖွဲ့ ကဦးဆောင်ခဲ့ပြီး Swedish Energy Agency က ငွေကြေးမတည်ပေးခဲ့တာပဲဖြစ်ပါတယ်။
Ref : Gadgets 360
Original link - http://technology.thithtoolwin.com/2015/12/blog-post_20.html

No comments: