တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 14, 2015

Microsoft Band 2 မှာ Music ကို ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်း




အောက်တိုဘာလ တုန်းက ထွက်ရှိ ခဲ့တဲ့ Microsoft ရဲ့ fitness Tracker စမတ်နာရီ Microsoft Band 2 ဟာ update ဗားရှင်း တစ်ခုကို ထုတ်လုပ် လိုက်ပြီး ထိုဗားရှင်း မှာတော့ လုပ်ဆောင်ချက် အသစ်တွေ ပါဝင် လာတယ်လို့ သိရပါတယ်။

Microsoft က အခိုင်အမာဆိုခဲ့တာကတော့ ထိုလုပ်ဆောင်ချက်ဟာ သုံးစွဲသူတွေပြန်ပြောပြ ခဲ့တဲ့ အကောင်းအဆိုး အကြောင်း အရာတွေကို အခြေခံပြီး ဖန်တီး ထားတာ ဖြစ်တယ် ဆိုတာပါပဲ။

သေချာတာတစ်ခုကတော့ ထို update ဗားရှင်းဟာ Band 2 တစ်ခုတည်းအတွက်ဖြစ်ပြီး မူလ ထုတ်လုပ်ထားတဲ့ Microsoft Band အတွက်တော့ မဟုတ်ပါဘူး။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ Band 2 ရဲ့ update ဗားရှင်းမှာတော့ Music ကိုထိန်းချုပ်နိုင်မှု တွေပါဝင်လာပါတယ်။ ထိုထိန်းချုပ်နိုင်မှုအရ သင်ဟာ Music ရဲ့ Pause ၊ Play ၊ Forward သို့ Rewind စတဲ့ လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းပေါ်မှာ ဖြစ်ပေါ်သွားသည်အထိ စမတ်နာရီက တဆင့်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Band 2 ဟာ အသံ အတိုးအကျယ်ကို ထိန်းချုပ်ခွင့်တော့မပေးထားပါဘူး။အနည်းဆုံးတော့ ဖွင့်ထားတဲ့ သီချင်းရဲ့ နာမည်ကို Band 2 ရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့မြင်ရနိုင်ပါတယ်။ဒီလုပ်ဆောင်ချက်ဟာ မည်သည့် ဂီတ App နဲ့မဆို တွဲဖက် သုံးနိုင်မယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေ ထောက်ပြခဲ့တာကတော့ ဒီလုပ်ဆောင်ချက်ဟာ Apple နာရီတွေမှာ ပါဝင်ပြီးသား လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။

Ref : Gadgets 360

Original link - http://technology.thithtoolwin.com/2015/12/microsoft-band-2-music.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: