တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

Google image ရှာဖွေရာတွင် နောင် ပြန်ကိုးကားရန် bookmark ပေးနိုင်ပြီ




Google image ရှာဖွေရာမှာ နောင် တစ်ချိန် ပြန်ကိုးကာဖို့ အတွက် bookmark ပေးထားနိုင်ပြီလို့ သတင်း ရရှိပါတယ်။

ပုံမှန် အားဖြင့် Google ပေါ်မှာ ဓာတ်ပုံတွေ ရှာဖွေ ရတာဟာ ရေရှည် မခံတဲ့ ကိစ္စပါ။ Browser tab ကို ပိတ်လိုက်တာနဲ့ အားလုံး ကုန်သွားပါပြီ။

Google ရဲ့ feature သစ် တစ်ခုကတော့ ဝဘ် စာမျက်နှာကို bookmark ပေးထား သလောက်ကို မိုဘိုင်းဖုန်းမှာ သင်ရှာတဲ့ ပုံတွေကို သိမ်းဆည်း ထားနိုင် ပါတယ်။

တကယ်တော့ ဒီနှစ်ခုက ထပ်တူ ကျတဲ့ လုပ်ငန်းစဉ်ပါပဲ။ သင်သိမ်းဆည်း ထားတဲ့ ပုံတွေကို folder ထဲမှာ ထည့်သိမ်း ထားနိုင် ပါသေးတယ်။ အဲဒီအတွက် search မှာ နောက်တစ်ခါ ထပ်ပြီး ရှာစရာ မလိုတော့ ပါဘူး။

ဒီ feature သစ်ဟာ အမေရိကန်မှာတော့ Android နဲ့ iOS နှစ်ခုစလုံး အတွက် ရရှိနေနှင့် ပြီးပါပြီ။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/12/google-image-bookmark.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: