acebook သည် ၎င်းတို့၏ နာမည်ကျော် Feature တစ်ခု ဖြစ်သည့် Like ကို ရွေးချယ်ခွင့် ပိုမို ကျယ်ပြန့်သည့် ပုံစံသစ်ဖြင့် အဆင့်မြှင့် လိုက်ကြောင်း သိရသည်။
ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက် ကြီးက ယခင် Like ခလုတ် နေရာတွင် Like အပြင် Love၊ Haha၊ Wow၊ Sad နှင့် Angry ဆိုသော ဖော်ပြမှု ၅ ခုကို ဖြည့်စွက် ထည့်သွင်း ထားသည့် Reactions အမည်ရှိ Feature သစ်ကို ပြောင်းလဲ ခဲ့သည်။
Facebook ကို အသုံးပြု ချိန်တွင် Like ခလုတ်ကို ဖိနှိပ် ထားပါက ယင်း Reactions အသစ်များကို ရွေးချယ်နိုင်မည် ဖြစ်သည်။
Facebook တည်ထောင်သူ မတ်ခ် ဇူကာဘက်ဂ်က ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် icon ခြောက်ခု လှုပ်ရှားနေသည့် ရုပ်ပုံလေးများနှင့် ဗီဒီယိုကို လွှင့်တင်ကာ Facebook ၏ Feature အသစ်ကို မိတ်ဆက် ခဲ့သည်။
အဆိုပါ Featureကြောင့် ချစ်ခြင်း၊ ရယ်မောခြင်း၊ အံ့ဩခြင်း၊ ဝမ်းနည်း ပူဆွေးခြင်းနှင့် အမျက်ထွက်ခြင်း တို့ကိုပါ လွယ်ကူ လျင်မြန်စွာ ဖော်ပြ လာနိုင်မည်ဟု ဇူကာဘက်ဂ်က ရေးသားထားသည်။
Facebookက Reactions ကို စတင် မိတ်ဆက် ပေးလိုက်ပြီ ဖြစ်သော်လည်း နိုင်ငံ အချို့တွင်သာ လတ်တလော အသုံးပြုနိုင် ဦးမည် ဖြစ်သည်။
Facebook က Reactions သည်လည်း Like ကဲ့သို့ပင် အောင်မြင်မှု ကြီးမားသော Feature တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြား ထားသည်။
Ref: Guardian
Originally published at - http://www.7daydaily.com/story/58874
No comments: