Google Web Office (GWoffice) ဆိုတာ ကတော့ Synchronization ကို အခြေခံကာ Google Doc ကဲ့သို့ Document များကို Web ပေါ်မှ ပြုလုပ်နိုင်ရန် အတွက် စီစဉ်ပေး ထားတဲ့ ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။
အဆိုပါ ဆော့ဖ်ဝဲကို Offline အသုံးပြု နိုင်ရန် အတွက် ကိုလည်း စီစဉ်ပေးထား ပါတယ်။ Google Doc နဲ့ပေါင်းစပ်ပြီး ဖန်တီးပေး ထားတဲ့ GWoffice ဟာ Document တွေကို အလွယ် တကူနဲ့ ပြုလုပ် ဖန်တီး သုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။
Ubuntu OS မှာ GWoffice ကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ၊ Upgrade တွေ ပြုလုပ် ထားသင့် ပါတယ်။
Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။
ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။
နောက်တစ်ဆင့်ကတော့ GWoffice ကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command တွေကို တစ်ကြောင်း ချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။
အသုံးပြုရမယ့် Command တွေကတော့-
- sudo add-apt-repository ppa:tombeckmann/ppa
- sudo apt-get update
- sudo apt-get install gwoffice
ဆိုတဲ့ command တွေပဲ ဖြစ်ပါတယ်။
အဆိုပါ command များကို ထည့်သွင်းပြီး သွားရင် သက်ဆိုင်ရာ Package တွေကို download ပြုလုပ်မှာ ဖြစ်ပြီး တစ်ခါတည်း Install ပြုလုပ် ပေးသွား ပါလိမ့်မယ်။
GWoffice ကို ရှင်းလင်းတဲ့ ဒီဇိုင်းနဲ့ ဖန်တီး ပြုလုပ်ပေး ထားပြီး သုံးစွဲသူ ကြိုက်နှစ် သက်စေမယ့် သွင်ပြင် မျိုးနဲ့ ဖန်တီး ပြုလုပ် ပေးထား ပါတယ်။
File တွေကို Online ဖြစ်နေတဲ့ အချိန်မှာ Google Drive နဲ့ ချိတ်ဆက်ပြီး Sync ပြုလုပ်ကာ အသုံးပြုနိုင်မှာ ဖြစ်သလို၊ အင်တာနက် ကွန်နရှင် မရှိတဲ့ အချိန်မှာလည်း Offline အဖြစ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
By: internetjournal
Originally published at - http://www.internetjournal.media/how-to/5508
No comments: